Chapter 5 (Unicode)

155 11 0
                                    

မနက် အိပ်ယာနိုးတော့ နာရီလက်တံအတိုက ၈ကိုညွှန်ပြပြီး လက်တံရှည်ကတော့ ၆ကိုညွှန်​ပြနေသည်။ ၈နာရီခွဲလေပြီ ။ ပြေးရမည် ကျွန်တော်ချိန်းပြီး ကျွန်တော်နောက်ကျတာမျိုးမဖြစ်ချင်ပါ။ အိမ်အောက်ပြေးဆင်းလာတော့ ဖေဖေနှင့်တိုးသည် ထူးထူးဆန်းဆန်းဖေဖေ ရုံးမသွားပါ။

"သား ဘယ်လဲ "

" ကျောင်းသွားမလို့ ဖေဖေ သားနောက်ကျနေလို့ပြေးပြီနော် "

မနက်စာစားနေသော ဖေဖေ ဘာအော်ပြောသည်ကိုမသိတော့ ပဲ ကားကိုအမြန်ထုတ်ကာ ထွက်လာရသည်။ ကျောင်းအားကစားရုံဘက်ရောက်တော့ ကိုးနာရီနဲ့ ငါးမိနစ်စွန်းစွန်း ကားရပ်ကာ ဝေ့ဝဲပြီးရှာကြည့်တော့ အားကစားရုံတံခါးရှေ့တွင်ရပ်နေသော တည်တံ့နောင်ကိုတွေ့ရသည်။

"ထူးထူးဆန်းဆန်းကျောင်းလာတာဘောင်းဘီတိုနဲ့ပါလား "

ကျွန်တော့ အသံကြားတော့ ကျွန်တော့အား ခြေဆုံးခေါင်းဆုံးကြည့်ကာ အနည်းငယ်ပြုံးရိပ်သမ်းနေသော မျက်နှာဖြင့် "အကိုလည်း ထူးထူးဆန်းဆန်းကျောင်းလာတာ ပုဆိုးကြီးနဲ့ "

" ကျောင်းလာတက်တာ ကွ လမ်းဘေးလာတာမဟုတ်ဘူး ဘာလဲ မင်းက ဘောင်းဘီတိုနဲ့ "

" အကို ဒီနေ့ စနေနေ့လေ "

"အေးလေ စနေ ဘာဖြစ်လဲ "

"---- " တည်တံ့နောင်ကဘာမှမပြောပဲခေါင်းတခါခါနှင့် ရယ်နေလေသည်။

"ဟမ် စနေကြီး ဟုတ်သားပဲ စာရင်းရှင်းချင်ဇောနဲ့မှားသွားတာ မင်းက ပြောပါလား"

"မသိဘူးလေ အကိုက ပိတ်ရက် ဒိတ်ချင်တယ်ထင်သွားတာ "

" မင်းမေကြီးတော် မင်းနဲ့ ဒီနေ့တော့ စာရင်းအပြတ်ရှင်း "စကားပင်ဆုံးအောင်မပြောလိုက်ရသေး သကောင့်သား ဖုန်းဝင်လာလို့ စကားများကိုမြိုချပြီး သူဖုန်းပြောပြီးသည်အထိစောင့်ရမည်။

" ဘွား မူးလဲလို့ သား ခုလာပြီနော် "

တည်ငြိမ်နေသော မနက်ခင်းလည်းလှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ကျွန်တော့အား လှောင်သလို ပြုံးနေတတ်တဲ့ကောင်လေးမျက်နှာမှာလည်း ဇီးရွှက်ခန့်သာကျန်တော့သည်။

ရင်မှာ ဒီလောက်ချစ်ပါသည်။ Where stories live. Discover now