နေရောင်ခြည်နွေးနွေးလေးကျသော မနက်ခင်းတွင် နယ်လေးတစ်ခု၏လမ်းပေါ်မှာ တဖြည်းဖြည်းသွားနေသည့် ကားလေးတစ်စီးရှိသည်။
ထိုကားလေး၏ မှန်အတွင်းကိုကြည့်မည်ဆိုလျှင် နက်မှောင်နေတဲ့ ဆံသားအိအိလေးတွေနဲ့ မျက်မှန်လေးတစ်လက်တပ်ထားသည့် ကောင်လေးတစ်ယောက်ကိုတွေ့ရမည်ဖြစ်သည်။
ထိုကောင်လေးသည် သူ့ဘေးမှာချထားသည့် အထုပ်ပေါင်းများစွာထဲ တစ်စုံတစ်ရာကို ရှာဖွေနေဟန်ရှိသည်။
အိတ်တစ်ခုကိုဖွင့်ကာ အသံမြည်နေသော သူ၏လက်ကိုင်ဖုန်းကိုယူပြီးနောက်"ဟဲလို ဟုတ်ကဲ့ ကျွန်တော်လမ်းအဝင်ရောက်နေပြီခင်ဗျ ဖုန်းက အိတ်တွေအောက်ရောက်နေလို့ ဖုန်းခေါ်တာမကြားလိုက်ဘူး အားနာလိုက်တာဗျာ''
"အာ မဟုတ်တာ ရပါတယ် ကျွန်တော့ဘာသာ လာခဲ့ပါမယ်''
"ဒီလိုဆိုလဲ ကျွန်တော်စောင့်နေပါမယ် ကျေးဇူးတင်ပါတယ်"
တစ်ဖက်လူဘက်က ဖုန်းချသွားပြီးနောက် ဂျွန်ဂယူသည် ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲသို့ ထည့်ထားလိုက်သည်။ထို့နောက် ရှေ့ကကားဆရာအား..
" ဦးလေး ကျွန်တော့်ကို ရှေ့နားလေးမှာပဲချထားခဲ့ပေးနော် လာကြိုပေးမယ်တဲ့"
ထို့နောက် ကားပေါ်မှအထုပ်များကို ချကာ အရိပ်ရသည့်နေရာတစ်ခုတွင်စောင့်နေလိုက်သည်။
သစ်ပင်ကြီးကြီးတစ်ခုရှိကာ ထိုသစ်ပင်နားတွင် သစ်သားထိုင်ခုံလေးတစ်ခုလည်းရှိသည်။ဂျွန်ဂယူ ထိုင်ခုံပေါ်တွင်ထိုင်ရင်းပတ်ဝန်းကျင်အနီးတစ်ဝိုက်ကို
ဝေ့ဝိုက်ကြည့်နေမိသည်။အချိန်အားဖြင့် မနက်ဆယ်နာရီကျော်ပြီဖြစ်၍ နေသည်မဆိုသလောက်လေးပူနေပြီ ဖြစ်သည်။ ရှပ်လက်ရှည်နှင့် ဂျင်းဘောင်းဘီကို ဝတ်လာခဲ့မိသည်ကို ဂျွန်ဂယူ အနည်းငယ်နောင်တရမိသည်။
သူ၏ကျောပြင်တွင် ချွေးစများစိုနေပြီဖြစ်သည်။"ဂူရယ် ရွာ"
ထိုရွာလေးသည် ဂျွန်ဂယူ စာသင်ရန်တာဝန်ကျသည့် ရွာကလေးဖြစ်သည်။
လေပြည်အေးအေးလေးများ ဂျွန်ဂယူ၏ရှပ်ကော်လံလေးမှတစ်ဆင့်ဖြတ်သန်းသွားရာနားသပ်စပ်မှ ဆံပင်လေးများပင် အနည်းငယ် လှုပ်ခတ်သွားသည်။
YOU ARE READING
It's Love [ JEONGKYU ]
Fanfictionချစ်ခြင်းတွေက မျက်ဝန်းလေးတွေမှာ စပြီး ခိုတွဲခဲ့တာ...။ Start - 19.10.22 End - 19.12.22