လွန်ခဲ့သော နှစ်နှစ်ခန့် ၊ ဆိုးလ်မြို့ ။
" မင်းလား ပတ်ဂျောင်ဝူးဆိုတာ ? "
ဂျောင်ဝူးရှေ့မှ လူသုံးယောက်ထဲက တစ်ယောက်က သူ့ရဲ့အင်္ကျီစကိုဆွဲရင်း မေးလာခြင်းပင် ။ ဂျောင်ဝူးက ချက်ချင်းပဲ လက်ကို ဖယ်ချကာ ကော်လံကို နေရာပြန်ချလိုက်သည် ။
" ဟုတ်တယ် "
" ဟိုတစ်နေ့ကပွဲက မပြီးသေးဘူးနော် "
ဟိုနေ့ကပွဲ ?
ဂျောင်ဝူး ပါးစောင်ကို လျှာနဲ့တစ်ချက်ထိုးရင်း ခပ်ဖွဖွရယ်လိုက်သည်။ တစ်နေ့က ဂိမ်းဆိုင်မှာ သူ့ကိုရှုံးသွားလို့ အခဲမကြေသေးတဲ့ကောင်တွေပဲ ။" အာ ဘယ်သူတွေများလဲလို့ ကလေးကုလား ဂိမ်းလေးတောင် သေချာမဆော့တတ်တဲ့ကောင်တွေကို "
ဂျောင်ဝူး တည့်တည့်ကြည့်ပြီးပြောလိုက်တော့ ရှေ့ကတစ်ယောက်ရဲ့ မျက်နှာက တင်းခနဲ ။ ဂိမ်းလေးရှုံးတာကို အုပ်စုလိုက် ရန်လာစရတဲ့အထိ သူရဲဘောကြောင်လွန်းတဲ့ကောင်တွေ ။ မနက်စောစော အိပ်ရေးသိပ်မဝတာကြောင့် စိတ်ကလဲ တအားကြည်မနေပါ။
" မင်း အဲ့နေ့က ကံကောင်းသွားလို့ပါကွာ အခုလဲ ဂိမ်းလေးတစ်ပွဲလောက်ဆော့ကြည့်မလား "
" ဟေ့ကောင်တွေ ထိုးချင်နေတယ်ဆိုလည်း မြန်မြန်လာ အတန်းသွားရဦးမှာ ငါသိပ်စိတ်ရှည်နေတာ မဟုတ်ဘူး "
လက်က နာရီကို တစ်ချက်ကြည့်ကာပြောလိုက်ရင်း လွယ်ထားတဲ့ လွယ်အိတ်ကိုပါ ဘေးကိုပစ်ချလိုက်တော့ ရှေ့က လူသုံးယောက်ထဲမှ တစ်ယောက်သည် တွေ့ရာ တုတ်တစ်ချောင်းကို ဆွဲကာ ဂျောင်ဝူးဆီပြေးရိုက်တော့သည် ။
ဂျောင်ဝူးက ခပ်မြန်မြန်ပဲရှောင်ရင်း ထိုလူ့ လက်ကောက်ဝတ်ကို ဆွဲလိမ်ကာ တုတ်ကို သူ့လက်ထဲပြောင်းယူလိုက်သည်မှာ ကျွမ်းကျွမ်းကျင်ကျင် ။ လက်ကိုလိမ်ထားရက်နဲ့ပင် အားနဲ့ဆောင့်တွန်းလိုက်တော့ အနောက်မှာ ကျန်ခဲ့တဲ့ နှစ်ယောက်ဆီ ပြေးကပ်သည် ။
" မနက်ဘက် အေးလို့ လေ့ကျင့်ခန်းမလုပ်ဖြစ်တာကြာပြီ ကျေးဇူးပဲကွာ "
ပြောရင်းပင် ကျန်တဲ့နှစ်ယောက်ကပါ ဝင်ထိုးတော့သည်မို့ ရန်ပွဲက ပိုပြီး အားကောင်းလိုက်သည် ။ ဂျောင်ဝူး လက်ထဲက တုတ်နဲ့ တစ်ယောက်ချင်းစီ ဆော်ပေးလိုက်တော့ အထိနာသွားကြပုံရသည် ။
YOU ARE READING
It's Love [ JEONGKYU ]
Fanfictionချစ်ခြင်းတွေက မျက်ဝန်းလေးတွေမှာ စပြီး ခိုတွဲခဲ့တာ...။ Start - 19.10.22 End - 19.12.22