အပိုင်း(၄)

394 58 23
                                    

ချစ်ခြင်းတွေက မျက်ဝန်းလေးတွေမှာစပြီး ခိုတွဲခဲ့တာ။

အဲ့ဒီ့မျက်ဝန်းက ကြယ်လေးတွေ နှလုံးသားမှာ ကပ်ပါလာတာ မသိခဲ့လိုက်ဘူးလေ...။

...................................................................

ကျောင်းဆရာလေးဟာ ဆိုးလ်မှာဆုံခဲ့တဲ့
ဟူဒီအညို‌လေးမှန်းမှတ်မိသွားတဲ့အခါ ဂျစ်တူး‌လေးက နည်းလမ်းမျိုးစုံနဲ့ ရင်းနှီးဖို့အကြောင်းတွေ ကြိုးစားခဲ့တယ်။

"ငါက စက်ဘီးတော့ စီးတတ်တယ် ဆိုင်ကယ်တော့ မစီးတတ်ဘူး" လို့ ဂျွန်ဂယူပြောတဲ့နေ့ကစ ဂျောင်ဝူးက တစ်အိမ်လုံးက စက်ဘီးတွေကို လေလျှော့ထားလိုက်ပြီး သူကိုယ်တိုင် ဆိုင်ကယ်လေးနဲ့ ကျောင်းကြိုကျောင်းပို့ လုပ်ခဲ့တာမျိုး...။

ခြံထဲက မက်မွန်သီးတွေကို ဘယ်သူ့မှအလကားမပေးခဲ့တဲ့ ကပ်စေးနှဲလေးက ကျောင်းဆရာလေးကိုတော့ မြို့ကိုတင်ရောင်းဖို့ လုပ်ထားတဲ့ မက်မွန်ဗုံးလိုက်ကြီး ပေးခဲ့တာမျိုးတွေ။

"အစ်ကိုဂျွန်" လို့ စခေါ်ခဲ့တဲ့ နေ့က သူ့ကို ကြည့်ခဲ့တဲ့ မျက်လုံးဝိုင်းဝိုင်းတွေကိုဆို သိပ်အသဲယားခဲ့တာ။
တစ်ရွာလုံးက ဆရာလေးလို့ပဲခေါ်ကြတာမို့ အစ်ကိုလို့ကြားတော့ တစ်မျိုးလေးပဲတဲ့...။

သူ့ကို မှတ်မိလေမလားဆိုတဲ့ စိတ်လေးနဲ့ "ကျွန်တော်က ဆိုလ်းမှာ တက္ကသိုလ်တက်ခဲ့တာလေ တက္ကသိုလ်တုန်းကဆို တအား
နာမည်ကြီးတာ" ဆိုပြီး သူ့အကြောင်းတွေစကားစတိုင်း " အာ...." ဆိုပြီး တစ်ခွန်းပဲ ပြန်ပြောတတ်သူကြောင့် ဂျစ်တူးလေးမှာ စိတ်တွေဆိုးရတာလဲ ခဏခဏ။

တစ်နေ့နေ့များကျရင်တော့ လွယ်အိတ်အမဲလေးပေါ်က သော့ချိတ်လေးကြောင့် နဖူးမှာ ဒဏ်ရာရခဲ့တဲ့အကြောင်းပြောပြရင်း လွယ်အိတ်ပိုင်ရှင်ရဲ့ ပါးအိအိလေးတွေ ‌ဆွဲပြီး စိတ်ကောက်ပစ်ဦးမည်ဟု ဂျောင်ဝူးတွေးထားလိုက်သည် ။

................................................................

" အဲ့တော့ ဆရာလေးနဲ့မင်းက ဆိုးလ်မှာတွေ့ဖူးတာကို ဆရာလေးက မင်းကို မမှတ်မိဘူးပေါ့

ဂျယ်ဟျော့က မက်မွန်သီးကို တစ်ချက်ကိုက်ရင်း ဂျောင်ဝူးကို မေးသည် ။

It's Love [ JEONGKYU ]Where stories live. Discover now