အပိုင်း(၅)

129 14 0
                                    

ဂျွန်ဂယူဟာ မက်မွန်ပင်တွေအောက်‌က ခုံလေးတစ်ခုံမှာ ထိုင်ရင်း အတွေးတစ်ချို့ကို ‌နယ်ဆန့်နေမိတယ် ။
ခိုးခိုးကြည့်နေတဲ့အကြည့်တွေဟာ မလှမ်းမကမ်းက ရှပ်အကွက်အပြာလေးနဲ့ကောင်လေးဆီမှာ မိသွားတဲ့အခါ ဒီလိုပဲ မျက်ဝန်းတွေကို ဟိုပို့ဒီပို့ ပေါ့...။

သူများရင်ခွင်ထဲကို လုံးလုံးလျားလျား ပစ်ကျသွားတဲ့‌နေ့ကိုတွေးမိရင် အခုထိမျက်နှာတွေပူရတုန်း။ အသက်နှစ်ဆယ်ကျော်အထိ ဂျွန်ဂယူရဲ့နေ့ရက်တွေက ရိုးရိုးရှင်းရှင်းပါပဲ ။မျက်မှန်လေးတစ်လက်ရယ် ၊ အပေါင်းအနုတ်ပုစ္ဆာ‌တွေပါတဲ့ စာအုပ်အထူကြီး‌တွေရယ် ၊ စာသင်ပြပေးရတဲ့ကလေးတွေရယ်...။

ဒါပဲ... သိပ်ပြီး ထွေထွေထူးထူးတွေမရှိခဲ့ဘူး ။

ဒါပေမဲ့...

ဒီရက်တွေထဲမှာ ဂျွန်ဂယူရဲ့ နေ့ရက်တွေက ခပ်ဆန်းဆန်းလေးတြွေဖစ်နေခဲ့တာ ။
ခံစားချက်တစ်ချို့က လွယ်အိတ်ထဲမှာ အမြဲရှိတတ်တဲ့ သင်္ချာစာအုပ်အထူကြီးတွေထဲက ပုစ္ဆာတွေလို လွယ်လွယ်ကူကူ အဖြေရှာလို့မရခဲ့ဘူး။ခါးစပ်က အင်္ကျီစလေးကိုခပ်ဖွဖွဆွဲရင်း ဆိုင်ကယ်လေးတစ်စီးနဲ့ ကျောင်းသွားကျောင်းပြန်လမ်းတွေမှာ ဂျွန်ဂယူဟာ
ရင်မခုန်ခဲ့ဘူးဆို လိမ်ရာကျမှာပေါ့...။
သူ ဂျောင်ဝူးရဲ့ အသေးစိတ်ကအစ ဂရုစိုက်ပေးမှူတွေအောက်မှာ မသိမသာလေးတွေ နေသားကျနေခဲ့ပြီလေ ။

" အစ်ကိုဂျွန် ကျွန်တော်ပြီးပြီ သွားကြတော့မလား"

ဂျောင်ဝူးက မက်မွန်ခြင်းကို သူ့ဘေးက ခုံပေါ်မှာ နေရာချကာ သူ့ကိုမေးလာသည်။
အဘိုးပတ်ရဲ့ပြောစကားအရ ဂျွန်ဂယူနေရမဲ့အိမ်က ပြင်ဆင်တာတွေအကုန်ပြီးသွားတာကြောင့် ဒီနေ့ပြောင်းရတော့မှာဖြစ်သည်။
ဂျောင်ဝူးက သူပါ သန့်ရှင်းရေးလိုက်လုပ်ပေးမည်ဟုဆိုသောကြောင့် တူတူသွားရန် လာစောင့်နေခြင်းပင်။

" ခဏနားချင်နားပါဦး မင်းပင်ပန်းနေမှာစိုးလို့လေ "

ဂျွန်ဂယူက ပြောပြောနဲ့ ရေသန့်ဘူးလေးကို
ဂျောင်ဝူးဆီကမ်းပေးသည် ။
မက်မွန်ခြံထဲက ဂျောင်ဝူးက ပုံမှန်အချိန်‌တွေထက် အနည်းငယ်ပိုပြီး ကြည့်ကောင်းတယ်ဆိုတာ ဂျွန်ဂယူ သတိထားမိလိုက်သည် ။

It's Love [ JEONGKYU ]Where stories live. Discover now