part1

8.5K 191 2
                                    

"ဆက်အဂ္ဂသွင်..မင်းဒီလောက်လည်လိမ့်မယ်လို့ငါမထင်ခဲ့ဘူး မင်းကိုငါလျော့တွက်ခဲ့တာပဲကွ"

ဦးမင်းထင် ရဲ့ခိုးကြောင်ခိုးဝှက်စကားတွေကိုနားထောင်ရင်း ဆက် မထီသလိုပြုံးလိုက်သည်။
ကြည့်စမ်းပါဦး ဘယ်လောက်ကြောက်နေလိုက်သလဲဆိုရင်လေ သူ့အနားမှာလူတွေအများကြီးဝိုင်းထားပြီးအော်နေလေရဲ့....။ဦးမင်းထင်ကဖေဖေနဲ့ စီးပွားဖက်မိတ်ဆွေဖြစ်ပေမယ့် ဂိုဏ်းပုံစံမကျတကျလုပ်ငန်းစုလေးတစ်ခုတည်ထောင်ထားသူ။

သူ့လုပ်ငန်းမသေချာသည့်အတွက်ဆက်တို့လုပ်ငန်းကြီးကနေလုပ်ကွက်တွေဖြတ်လုနေခြင်း။
ဖေဖေကဆက်ကိုယခုလုပ်ကွက်ကိုချပေးသည့်အတွက် ဖြစ်လာသမျှအရာမှန်သမျှဆက်ကတာဝန်ယူရမည်ပင်။

ဆက် စီးကရက်တစ်လိပ်ကိုထုတ်ပြီးရိူက်ဖွာလိုက်သည်။

"ဆက်..ငါတို့စတော့မလား"

သူငယ်ချင်း မင်းရန်ရဲ့အားမလိုအားမရစကားကိုလက်ကာတားလိုက်သည်။ဒီအခြေအနေကစိတ်လိုက်မာန်ပါလုပ်လို့မဖြစ်..။ဦးမင်းဒင်ဘက်ကလူများသည့်အတွက် ဆက်ဘက်ကလူတွေကိုစောင့်ရမည်။

"နေဦးအခြေအနေစောင့်ကြည့်ပါဦးမင်းရန်. ငါတို့ညှိနိူင်းကြည့်ဦးမယ် လက်မခံဘူးဆိုရင်တော့တုံ့ဆိုင်းမနေတော့ဘူးပေါ့ကွာ..ငါလည်းနောက်ဆုတ်ရမယ့်အဖြစ်ကိုမုန်းတယ်"

"ဘယ်လိုလဲ ဆက်အဂ္ဂသွင်..မင်းဘာမှမတတ်နိုင်တော့ဘူးမလား. "

"အဟွန်း..အဟွန်း..ဦးမင်းထင်.. ဦးမင်းထင်  ခင်ဗျားကကိုယ့်ကိုယ်ကိုအရမ်းအထင်ကြီးလွန်းနေတာပဲ ကျွန်တော့လုပ်ကွက်ကိုလုယူထားပြီးအသံကောင်းဟစ်နေတဲ့ခင်ဗျားကို ဘယ်လိုနှိပ်ကွပ်ရမလဲစဥ်းစားနေတာ..ထွက်ပြေးမယ့်အထဲမှာကျွန်တော်မပါဘူးဆိုတာခင်ဗျားမေ့နေပြီထင်တယ်"

ဦးမင်းထင် မျက်နှာပျက်သွားသည်။ဆေးသမား..ဇိုးကောင်ကိုသူအရာရာလျော့တွက်ခဲ့မိသည်။နိုင်ငံခြားလုပ်ကွက်တွေအကုန်သူလုယူခဲ့ပြီးမသိလောက်ပါဘူးဆိုပြီးဖုန်းဖိခဲ့ပေမယ့် ဒီကောင်စုတ်ကသိနေခဲ့သည်။

ဉာဏ်ထက်သည်ဆိုတာထက်အကောင်သေးပြီးအဆိပ်ပြင်းတဲ့ကောက်ကျစ်တဲ့လူစားဖြစ်နေခဲ့သည်။
ခုလည်းစာရင်းတန်းမရှင်းသေးဘဲအချိန်ကိုရသလောက်ဆွဲနေသည်။ ဒီကောင့်ဘက်ကလူတွေ အင်အားမလောက်လို့စစ်ကူသွားတောင်းနေတာလား..။အချိန်အဆွဲမခံဘဲမြန်မြန်သူ့ဘက်ကလူပ်ရှားမှဖြစ်မည်။

ကျွန်တော်ချစ်သော...မောင်💖💖Where stories live. Discover now