ဆက်သူ့ကိုခေါ်သွားသည့်နေရာက ဆိတ်ငြိမ်ရက်ကွက်လို့ခေါ်တဲ့လူကုံထံတွေနေထိုင်သော အိမ်ရာ..။
ဆက်က ဒီလိုနေရာကိုဘာလာလုပ်တာလဲ..။
ပတ်ဝန်းကျင်ကိုဂရုပြုကြည့်မိတော့ အင်မတန်မှကြီးကျယ်ခမ်းနားသောအိမ်ကြီးတွေကပတ်ပတ်လည်ဝန်းရံထားသည်။တိမ်တံတိုင်းတို့နေသည့်အိမ်ရာလောက်မကျယ်ပေမယ့် တန်းတူတော့ယှဥ်နိူင်သည့်အနေအထားမှာရှိ၏။
အိမ်ရာထဲချိုးဝင်လိုက်သည့်အတွက်လည်းပို၍နားမလည်နိူင်အောင်ဖြစ်သွားသည်။
အိမ်ရာထဲမှာဆက်ရဲ့အသိရှိလို့များလား..။"ရောက်ပြီ ဆင်းတော့.."
တိမ်တံတိုင်း ဆိုင်ကယ်ပေါ်မှဆင်းရင်း ဆက်ကိုမေးလိုက်၏။"ဒီအိမ်ရာထဲ မင်းအသိရှိလို့လား ဆက်"
ဆက် ကတိမ်တံတိုင်းအမေးကို သွားတန်းလေးပေါ်အောင်ပြုံးလိုက်ပြီး
"မရှိပါဘူး..ဒါကျွန်တော့မိသားစုပိုင်တဲ့အိမ်ယာလေ"
တိမ်တံတိုင်း မျက်မှောင်ကျုတ်လိုက်ပြီးမယုံသလိုကြည့်လိုက်သည်။ယုံလည်းယုံချင်စရာမှမရှိတာ ကြည့်လေပေတိပေစုတ်လူကဒီနေရာရဲ့ပိုင်ရှင်ဖြစ်ပါ့မလား..တကယ်ဖြစ်လာရင်လည်း တိမ်တံတိုင်း အတွက်ဘာမှအံသြတုန်လူပ်စရာမှမရှိ..။
အိမ်ထဲကိုရှေ့ကနေဦးဆောင်ဝင်သွားသည့်ဆက်နောက်ကိုသူလိုက်သွားလိုက်သည်။
အိမ်ထဲမရောက်ခင်ကတည်းကသီချင်းသံတွေကိုဆူညံစွာစကြားလိုက်ရသည်။
ဒီအိမ်ရာထဲမှာအဆူအညံဆုံးကဒီအိမ်ပဲဖြစ်လိမ့်မည်။
အိမ်ရှေ့မှာရေကူးကန်ရှိပြီး လူများစွာမီးရောင်စုံတွေကြားမှာကခုန်နေကြသည်။
မြင်ကွင်းတစ်လျှောက်ရူပ်ရှက်ခတ်နေပြီး..မသန့်သည့်အခြေအနေကိုလည်းမြင်တွေ့ရသည်။
ဥပမာ..ဆေးသုံးနေသူကိုလည်းတွေ့ရသလို..မိန်းကလေးတသိုက်နဲ့ပျော်ပါးနေသူကိုလည်းတွေ့ရသည်။"ဒီဘက်မှာတော့ဒီလိုပဲ..ဒီနေ့ကျွန်တော့်သူငယ်ချင်းမွေးနေ့ဆိုတော့လေ.."
တိမ်တံတိုင်း စိတ့်အိုက်နေသည့်အခြေအနေကို ရိပ်မိသည့်အလား ဆက်ကပုခုံးတွန့်ရင်းပြောလိုက်သည်။
YOU ARE READING
ကျွန်တော်ချစ်သော...မောင်💖💖
Romanceမောင်ကကျွန်တော့ထက်အသက်၅နှစ်ကြီးတယ်..ဒါမယ့်ကျွန်တော်ကမောင့်ကိုအသက်ကြီးလို့ဆိုပြီးရိုရိုသေသေတော့မဆက်ဆံနိုင်ဘူး..မောင့်ကိုမြတ်နိုးလွန်းလို့ကိုခေါ်တာ... မောင်လို့.... ဆက်အဂ္ဂသွင်