part10

1.8K 79 4
                                    

"အင့်..ဟင့်..ချမ်းတယ်..ချမ်းတယ်.."

သူ့ရင်ခွင်ထဲမေ့လဲကျသွားပြီးကတည်းက ဖျားနေသည့် ဆက်ကိုတိမ်တံတိုင်း မုန်းတီးစွာဒီတိုင်းထိုင်ကြည့်နေခဲ့သည်။

ရုတ်စွအဆုံးစောင်တောင်ခြုံမပေးခဲ့..။
ငါမင်းကိုသိပ်မုန်းတာပဲ ဆက်..။

"အင့်ဟင်..မသွားပါနဲ့..ဒီနေရာကမှောင်လွန်းတယ်..အသက်ရူကြပ်တယ်..ဓားတွေ..ဓားတွေ"

ကယောင်ကတမ်းနူတ်ကတောက်လျှောက်ထွက်လာတဲ့စကားတွေ..။
ကယောင်ကတမ်းပြောတဲ့စကားတွေရဲ့ တော်တော်များများဟာအမှန်တရားတွေပါတတ်တယ်တဲ့..။
ဆက်..မင်းဘဝကိုဘယ်လိုတွေဖြတ်သန်းလာခဲ့ရလို့အဲ့လောက်တောင်ကြောက်နေရတာလည်း..။

ဟာ...အဲ့ဒါမင်းအရေးလား တိမ်တံတိုင်း... ။
သူ့ဘာသာဘယ်လိုဖြတ်သန်းသန်းမင်းအရေးလား..။
တိမ်တံတိုင်း လက်ကစောင်ကိုဆွဲယူပြီးခြုံပေးလိုက်သည်။
ဂရုမစိုက်ဘူးဆိုပြီးလက်ကအကျင့်လိုစောင်ခြုံပေးမိပြန်ပြီ။
အသိပြန်ဝင်လာတော့စောင်ကပြန်ယူရမလိုလိုဖြစ်ပြီးဒီအတိုင်းထားလိုက်သည်။

"မသွားပါနဲ့..မောင် ဆက်ကိုမထားခဲ့ပါနဲ့..ဆက်ကိုမထားခဲ့ပါနဲ့"

"ဟ.."

တိမ်တံတိုင်း လက်ကိုဆွဲခံလိုက်ရတာကြောင့်ရုန်းဖို့ကြိုးစားလိုက်ပေမယ့် ဆက်ရဲ့လက်က အပူကြီးလွန်းတာကိုခံစားမိလိုက်သည်။
ဖြူလျော့သောမျက်နှာသေးသေးကအဖျားကြောင့်နူတ်ခမ်းလေးတွေပိုရဲနေပြီးနုထွေးထွေးလေးဖြစ်နေသည်။
ခန္ဓာကိုယ်သေးသေးလေးကစောင်ခြုံထားသည့်တိုင်လုံးလုံးလေးဖြစ်နေသည်။
အရမ်းချမ်း၍ထင်ပုစွန်တုပ်ကလေးနဲ့တူအောင်ကွေး၍နေသည်။

သူထပ်ပြီးအံကြိတ်လိုက်မိပြန်သည်။
ဥပေက္ခာပြုဖို့ကြိုးစားတာမအောင်မြင်အောင်မင်းကဘာလို့ဆွဲဆောင်ထားနိုင်တာလည်း..ဆက်။

"ဆက်..ဆက်"

"အင်..ချမ်းတယ်..ချမ်းတယ်"

"ဆက်...ဆက်အဂ္ဂသွင်"

ဆက် ပါးလေးကိုလူပ်ရင်း တိမ်တံတိုင်း ခေါ်လိုက်သည်။ပြန်သံမကြားတော့...။သို့သော်တိမ်တံတိုင်းလက်ကိုလည်းမလွတ်..။

ကျွန်တော်ချစ်သော...မောင်💖💖Where stories live. Discover now