"ဆက်...ဆက်.."
"အင်ဟင်.."
သြရှရှခေါ်သံညှင်းညှင်းကြောင့်ဆက်လန့်နိုးလာသည်။ဆက်ဘေးမှာခါးထောက်ပြီးရပ်ကြည့်နေတဲ့မောင်...။မောင့်ဆီက အရက်နံ့ပြင်းပြင်းကိုလည်းရသည်။ မောင်အရင်ရက်တွေကဘယ်ရောက်နေလည်းမသိ..ခုချက်ချင်းကြီးရောက်ချလာသည့်အတွက်ဆက်အံ့သြနေမိသည်။
"ေမာင်..ဘာဖြစ်လို့လဲ"
တိမ်တံတိုင်း ဆံပင်သပ်တင်လိုက်ပြီး..
"ထကိုယ်တို့သွားရအောင်..."
ဆက် အိပ်မူန်စုန်မွှားနဲ့နာရီကိုကြည့်လိုက်သည်။
3နာရီ...။
အစောကြီးရှိသေးသည်..။
မောင့်ပုံစံကြည့်ရတာအလျင်လိုနေတဲ့ပုံနဲ့..။
ဆက် ဘာအကြောင်းလဲဆက်မမေးတော့ဘဲအိပ်ယာကထလိုက်တယ်..။"ပစ္စည်းတွေသိမ်း..တစ်ခုမှမကျန်စေနဲ့"
မောင်ထွက်သွားတော့မည်ဆိုတာဆက်သိလိုက်သည်။ဆက်ပစ္စည်းတွေသိမ်းရင်း...
"မောင်ဘယ်သွားမလို့လဲ..ဒက်ဒီနဲ့မာမီတောင်မနိုးသေးဘူး..သွားမယ်ဆိုနူတ်ဆက်ပြီးသွားတာမကောင်းဘူးလား."
"မောင်တကယ်လို့..ဒီအိမ်မနေချင်ရင်..ဆက်ေနတဲ့အိမ်သပ်သပ်ရှိတယ်နော်..မောင်.."
ဆက်ကိုစကားဆုံးအောင်ပြောခွင့်မပေး..
"မင်းသိမ်းပြီးပြီလား..ဆက်"
"အင်း.."
ဆက်..မောင်နဲ့စကားနိူင်လုပြီးမပြောတော့ပါ..ခေါင်းငြိမ့်ပြလိုက်သည်။
"အဲ့ဒါဆိုသွားမယ်"
ဆက်အရုပ်ကလေးတစ်ယောက်လို တိမ်တံတိုင်း နောက်သို့လိုက်သွားလိုက်သည်။ဒက်ဒီနဲ့မာမီအပြင်တစ်လောကလုံးအိပ်မောကျနေတုန်း...
လမ်းမပေါ်ရောက်တာနဲ့ကားတစ်စီးကအသင့်စောင့်နေသည်။ကားထဲမှလူတစ်ယောက်ဆင်းလာပြီး ဆက်ကိုခြေဆုံးခေါင်းဆုံးကြည့်ကာ..ဖော်ရွေစွာပြုံးပြသည်။
"တံတိုင်း..ဒါမင်းခိုးပြေးမယ့်မိန်းမလား.."
ဆက်ကိုသိသိရက်နဲ့စသလိုလိုနောက်သလိုလိုမေးလိုက်ခြင်းသာ..။
YOU ARE READING
ကျွန်တော်ချစ်သော...မောင်💖💖
Romanceမောင်ကကျွန်တော့ထက်အသက်၅နှစ်ကြီးတယ်..ဒါမယ့်ကျွန်တော်ကမောင့်ကိုအသက်ကြီးလို့ဆိုပြီးရိုရိုသေသေတော့မဆက်ဆံနိုင်ဘူး..မောင့်ကိုမြတ်နိုးလွန်းလို့ကိုခေါ်တာ... မောင်လို့.... ဆက်အဂ္ဂသွင်