အသီးသီး ကိုယ်စီ ဖြတ်သန်းသွားရတဲ့ ဘဝတွေမှာ လမ်းတစ်ဖက်က ကြည့်လိုက်ရင် အချစ်ကို လှမ်းမြင်ရပေမယ့် အရမ်းဝေးကွာသွားတယ်လို့ ခံစားရတယ်
လက်တစ်ကမ်းအလိုက အချစ်က သက်ဆိုင်သူ မျက်လုံးလေးတွေကြည့်ပြီး စကားတွေ ဖောင်ဖွဲ့နေလိုက်တာဆိုတာများ ပျော်ရွှင်မှုကို အတိုင်းသားခံစားရတယ်
ကိုယ်ကရော...........
ကိုယ့်ရဲ့သက်ဆိုင်သူလေးလက်တွဲပြီး ခပ်ဖွဖွလေး စကားဆိုမိတယ် ဒီဘဝ အချစ်နဲ့ဝေးပေမယ့် မင်းနဲ့တွေ့ရလို့ ကိုယ်ပျော်ရွှင်ရပါတယ်ဆိုတဲ့အကြောင်းကိုပေါ့
လမ်တစ်ဖက်စီက လူနှစ်ယောက်စီရဲ့ အိမ်မက်တွေက ဘာတွေလဲ သူတို့တွေ ပျော်ရွှင်နေမလား ဒါမှမဟုတ် ရောင့်ရဲတင်းတိမ်လိုက်တာလား ဒါမှမဟုတ် အချစ်ကိုပဲ တွေ့ရှိသွားကြတာလား......
သိနိုင်မယ်လို့ မိတ်ဆွေတို့ကော ထင်ကြသလား
YOU ARE READING
အလွမ်းမှတ်စုကြမ်းကြမ်း (unicode only)
General Fictionအချစ်အတွက်ကိုယ့်ရဲ့ ပဲ့ကြွေနိဒါန်း 🌪️⛈️