အချစ်ရေ......
ကိုယ်မြတ်နိုးတဲ့အရာမှန်သမျှကို အချစ်နဲ့တူတူ လုပ်ကြည့်ချင်တာမျိုး...........
ဘယ်တော့မှလည်းဖြစ်နိုင်လာမှာမဟုတ်တာကို အရူးတစ်ယောက်လို မျှော်လင့်မိနေတဲ့......
ကိုယ့်ကိုယ်တိုင်ကို သတိထားကြည့်မိလိုက်တော့ ကိုယ့်ပါးမှာ မျက်ရည်တွေတောင် ခြောက်ကုန်ပါရောလား........
တစ်ခါတစ်လေ မိန်းကလေးတစ်ယောက်ကိုမှချစ်မိတဲ့ မိန်းကလေးဖြစ်ရတာ ပင်ပန်းလိုက်တာအချစ်ရယ်...........
အခုတစ်ခါမိုးရွာရင်တော့ မိုးရေတွေနဲ့တူတူ ကိုယ့်ရဲ့မျက်ရည်တွေ မျောချလိုက်ချင်ပါရဲ့......
အချစ်ဆီများ ငယ်ငယ်တုန်းကစက္ကူလှေလေးလို ရောက်သွားလေမလားလို့ မျှော်လင့်ရင်းပေါ့ ..........
#AtarSi
YOU ARE READING
အလွမ်းမှတ်စုကြမ်းကြမ်း (unicode only)
General Fictionအချစ်အတွက်ကိုယ့်ရဲ့ ပဲ့ကြွေနိဒါန်း 🌪️⛈️