ငယ်
ပထမဆုံး စတွေ့ခဲ့တဲ့အချိန်တုန်းက ငယ်ကလေ အရမ်းကိုတောက်ပလွန်းလှတယ်
ဒီအမျိုးသမီးလေးကို ပိုင်ဆိုင်ရလို့ မ မှာလေ ဂုဏ်ယူလို့မဆုံးခဲ့ဘူး
တို့တွေ ဇာတ်လမ်းတစ်ခန်းရပ်မှာ စလမ်းခွဲခဲ့တဲ့သူက ငယ်ဖြစ်နေခဲ့ပေမယ့် နာကျင်အောင် လုပ်ခဲ့မိတာက မ ကိုယ်တိုင် ဖြစ်နေပါရောလား
မ လေ အရာရာနဲ့ယှဉ်ပြီး ငယ့်ကို ရွေးရဲပေမယ့် ငယ်အတွက်ကျ အရာရာဟာ ခဲယဉ်းလွန်းလှတယ်ဆိုတာ ကောင်းကောင်းကြီး သဘောပေါက်လိုက်တဲ့အချိန် လွှတ်ပေးလိုက်မိတယ် အချစ်ရယ်
ငယ် စိတ်နာရင် နာပါစေတော့ မက ဗီလိန်တစ်ယောက်အနေနဲ့ ပျော်ပျော်ကြီးကျန်ခဲ့မှာမို့ အဆင်ပြေပါတယ် အချစ်ရယ်
"အမကိုမုန်းလိုက်တာတဲ့လား အချစ်ရယ်"
မုန်းလိုက်စမ်းပါ အချစ်ရယ် ငယ်ရှေ့ရေးအတွက် တွေးပြီး ဒီလိုတွေ လုပ်ခဲ့တဲ့ မကို မုန်းလိုက်စမ်းပါ
နောင်ဆိုင်မယ့်သူက ငယ့်ကို အများကြီး ချစ်ပေးပါစေလို့ပဲ မ ဆုတောင်းမိပါတယ်
#အတာစီ
YOU ARE READING
အလွမ်းမှတ်စုကြမ်းကြမ်း (unicode only)
Ficción Generalအချစ်အတွက်ကိုယ့်ရဲ့ ပဲ့ကြွေနိဒါန်း 🌪️⛈️