Part-1

1.4K 152 2
                                    

သမင်တကောင် မနက်ထဲက ဖလမ်းဖလမ်းထနေသည်။ အိမ်ရှေ့သွားလိုက် အိမ်နောက်ဖေးသွားလိုက်နှင့်။


ဟော သူမျှော်နေသည့်အချိန်ရောက်ပါပြီ။ နာရီတချက်ကြည့်ပြီး လက်ပတော့ရှေ့ ပြေးတော့သည်မှာ အိမ်ရှေ့ဧည့်ခန်းထဲက tao ကိုပင် ခလုတ်တိုက်မတတ်။


" မင်း တကယ်ကော ကြည့်နိုင်မှာသေချာလို့လား" Lay  က စိတ်မချတဲ့ ပုံစံနဲ့ Luhan ကိုကြည့်ရင်းမေးသည်။


စိတ်မချလဲ မချ ချင်စရာ။ Gone MV ထွက်တယ်လို့ကြားတာနဲ့ ရွစိကိုတတ်ပြီး ချက်ချင်းကို အင်တာနက်ကနေရှာပြီးဒေါင်းလုပ်ချတော့သည်။  ဘာလို့လဲ မေးမနေနဲ့။ Gone MV မှာ အဓိက မင်းသားအဖြစ် အရွေးခံရသည်က  တခြားမဟုတ် သူရဲ့ ပြိုင်ဘက်မရှိ တဦးတည်းသော ပေါက်စီ ပဲ ဖြစ်တော့ပေသကိုး။


"ဒါပေါ့ကွ ဒီနေ့လို official MV ထွက်ဖို့ ပထမဆုံး Teaser ထွက်ကတည်းက ငါဘယ်လောက်မျှော်ရတယ်ထင်သလဲ!" Luhan က ပေစောင်းစောင်းနဲ့ Lay ကိုကြည့်ပြီး ပြန်ပြောသည်။


Lay သိပ်တော့ မအံ့သြတော့။ ဒီသမင် ဒီလောက်တော့ ဖလမ်းဖလမ်းထမည်မှန်း သူ ကြိုတွေးပြီးသား။


"မဟုတ်ဝူးလေကွာ .. ငါပြောတာက...." စကားတောင်ဆုံးသေး။ Luhan က ဘုကြည့်ကြည့်ပြီး ရှုပ်လိုက်တာ ငြိမ်ငြိမ်နေဆိုသော အမူအရာပြသည်။


စောင့်မျှော်နေရလေသော Music video တော်ကြီး စတင်လေပြီ။ ဒန်တန့်တန်....


" Oh my god!! Baoziiiiiiiiiiii!" 1080p ဖန်သားပြင်ပေါ်တွင် Minseok မျက်နှာပေါ်လာသည်နှင့် သမင်တို့ ဇတ်လမ်းစလေပြီ။


  Yixing သက်ပြင်းတချက်ချလိုက်ပြီး သူ့အခန်းဖက်သွားရန် ခြေလှမ်းစလိုက်သည်။  နောက်နားဆီက "Baozi!!!!!!!! Oh my Gosh!! ငါ့အသည်းတွေတော့  ပေါက်ထွက်ကုန်ပြီထင်တယ်......"  "အ.. အ.. အသက် .. မရှူနိုင်တော့ဘူးးးးးးး" ဟူသော ယောက်ျားပီသ(သည်ဟု  သူ့ကိုယ်သူအမြဲပြောသော) Luhan ဆီမှ စူးစူးရှရှ အော်သံကြီးကို  မကြားနိုင်အောင် Headphone ကို နားနှစ်ဖက်ဆီ အမြန်ဆွဲတတ်လိုက်သည်။


"Tumblr တွေ အကြည့်များသွားတာဖြစ်မယ်..ဟွန်း" Yixing ခေါင်းကိုဘယ်ပြန်ညာပြန်ခါလိုက်ပြီး ခပ်တိုးတိုးရေ၇ွတ်လိုက်ပြီး Ipod မှ အသံကိုအဆုံးထိတင်လိုက်ကာ သူ့ကမ္ဘာလေးထဲသူ နစ်မြောနေလေတော့သည်။


When Deer Watch "Gone" MV {COMPLETED} Where stories live. Discover now