Part 2

1.1K 149 5
                                    

Episode-2

.

.

.

"Minseok-ah, ဒီအချိန်ကြီး ဘာလို့ အိမ်ပြန်မှာလဲ။ ငါတို့နဲ့ လိုက်ခဲ့လေ။တခွက်တလေ သွားမော့ကြမယ်" , ဒါရိုက်တာကိုယ်တိုင်က ဖိတ်နေတော့ လိုက်သွားရင်ကောင်းမလား minseok စဉ်းစားနေသည်။ စဉ်းစားရင်း မပြောမဆို အိမ်ပြန်နောက်ကျလျှင် အပေါက်ဝတွင် ဓါးကိုင်ရပ်နေမည့် သမင်တကောင်ကို တွေးလိုက်မိတော့ သူ ကြောချမ်းသွားသည်။


" မလိုက်တော့ပါဖူး Director-nim, ကျွန်တော် သိပ်နေမကောင်းလို့ အိမ်ပဲပြန်လိုက်တော့မယ်နော်"


" အာ ငါတို့က MV အောင်မြင်တဲ့ အထိမ်းအမှတ်အနေနဲ့ တဖွဲ့သားလုံး သွားကြမလို့ဟာ။ အိုကေလေ မင်း နေမကောင်းတော့လဲ ဘယ်တတ်နိုင်မလဲ။ ကျန်းမာရေးဂရုစိုက်ဦး။ ကဲ သွားပြီ"


အားလုံးကို နှုတ်ဆက်ပြီး Minseok ထွက်လာခဲ့လိုက်သည်။


သူအရမ်းပင်ပန်းနေပြီ။ အိမ်ပြန်ရောက်ရင် Kyungsoo လက်ရာလေးကိုစား ပြီးရင် အိပ်ရာပေါ်ဝင်အိပ်မည်ဟူသောအတွေးနှင့် တလမ်းလုံး ငိုက်လာလေသည်။


"Minseok-ah, ထတော့။ အိမ်ပြန်ရောက်ပြီ" မန်နေဂျာ hyung နိုးသံကြောင့် လန့်နိုးလာသည်။ Doom ကိုတောင် ပြန်ရောက်နေပြီ။ နားရတော့မည်ဟူသောအသိနှင့် သူ့ခြေလှမ်းတွေ နဲနဲသွက်လာသည်။


အိမ်ရှေ့တံခါးရှေ့သို့အရောက်


"KIM MINSEOK!!!!!!" စူးစူးဝါးဝါးအော်သံတခု ကြားလိုက်ချိန်တွင် တစုံတယောက်မှ သူ့လက်ကို အတင်းဆွဲဆောင့်လိုက်သည်။


"ငါသာမင်းနေရာမှာဆိုရင် အသံကြားရာကို သွားကြည့်မှာမဟုတ်ဘူး၊ Kyungsoo က သတ္တိရှိရင်သွားကြည့်လေ ဆိုသော လေသံနှင့် Luhan အခန်းဖက်လက်ညှိုးထိုးပြီးပြောသည်။


"အဲ့မှာ အပြင်းအထန်တိုက်ပွဲခေါ်သံတွေ ကြားတယ်မို့လား" သူက ထပ်ပြောလိုက်သေးသည်။


မျက်တောင်ပုတ်ခတ်ပုတ်ခတ်နှင့် Minseok ဆက်စဉ်းစားနေရင်း "nooooooooooooooo!!!!!! မ..လုပ်...ပါ..နဲ့!!!" ဟူသော အသံနက်ကြီးအော်သံကိုကြားလိုက်ရပြီးနောက် Kyungsoo ၏တခွိခွိရီသံက နောက်က ကပ်ပါလာလေသည်။


When Deer Watch "Gone" MV {COMPLETED} Donde viven las historias. Descúbrelo ahora