1945 September 30 ဂျပန်နိုင်ငံ တိုကျိုမြို့
ဖျော်ဖြေရေးဂေဟာတစ်ခု၌ဧည့်သည်တွေရှိနေသည့်အခန်းထဲသို့မဝင်ခင်
လက်ထဲမှာကိုင်ထားသည့်တူရိယာလေးကိုငုံ့ကြည့်
ကာစိတ်လှုပ်ရှားစွာဖြင့်ရပ်နေမိသည်။
ဒီနေ့ကသူမပထမဆုံးအကြိမ်ဧည့်
သည်တွေကိုဖျော်ဖြေပေးရမှာဖြစ်သည်။
Okasan ကရှေ့မှနေ၍ဧည့်ဆောင်တံခါးကို
မဖွင့်မီသူမကိုတစ်ချက်လှည့်ကြည့်သည်ထို့နောက်တံခါးကိုဖွင့်ပြီးဧည့်သည်တွေကိုဂါရဝ
ပြုပြီးနောက်သူမကိုအထဲသို့ဝင်ခဲ့ရန်အချက်ပြ
တော့ သူမခေါင်းကိုငုံ့ထားလျက်နှင့်တူရိယာလေး
ကိုကျစ်နေအောင်ကိုင်ကာအခန်းထဲသို့ခြေချလိုက်
သည်နှင့်စကားပြောသံရယ်မောနေသံတွေဟာ
တိတ်ဆိတ်သွားတော့သည်။Okasan ကသူမကိုတစ်ယောက်ထဲထားခဲ့ကာ
အခန်းထဲကပြန်ထွက်သွားတာကြောင့်စိုးရိမ်
ကြောက်ရွံသွားသည်။မျက်နှာဖြူအနောက်တိုင်းသားလူတစ်စု၏ရှေ့၌
ဒူးတုတ်၍ထိုင်လိုက်ပြီးဦးစွာသူတို့ကိုဂါရဝ ပြု
လိုက်သည်။ထို့နောက်စိတ်ကိုတည်ငြိမ်အောင်ကြိုးစားကာ
လက်ထဲကတူရိယာလေးကိုစတင်၍တီးခတ်
လိုက်သည်။သူမတို့စားသောက်နေသည့်အခန်းထဲသို့ဝင်လာ
သည့်မိန်းမပျိုကို Jane မျက်တောင်မခတ်တန်း
ကြည့်နေမိသည်။ဂျပန်ရိုးရာကီမိုနိုဝတ်ဆင်ထားသည့်မိန်းမပျိုက
မျက်နှာတစ်ခုလုံးအဖြူရောင်ဆေးကိုထူပိန်းနေ
အောင်လိမ်းထားကာပါးနှစ်ဖက်ပေါ်မှာတော့ပန်း
နုရောင်ဆေးခြယ်သထားသည်။
အောက်နှုတ်ခမ်းကိုသာနှုတ်ခမ်းနီဆိုးထားပြီး
ထိုထူးဆန်းသည့်မိတ်ကပ်အပြင်ဆင်မျိုးကိုအရင်က
တစ်ခုမှမမြင်ဖူးတာကြောင့် Jane သူမကိုတအံ့
တသြနှင့်ငေးကြည့်နေမိသည်။ဆံပင်အပြင်အဆင်ကျပြန်တော့လဲသူမအစား
Jane ခေါင်းပင်လေးလာသလိုခံစားရသည်။ထိုသို့ထူးဆန်းသည့်အပြင်အဆင်ကြောင့်မိန်းမပျို
၏ရုပ်ရည်ကိုသေချာပုံဖော်မရပေမယ့်
ဒီလိုအပြင်အဆင်မျိုးနှင့်ပင်လျှင်သူမမျက်နှာဟာ
လှသည့်အရိပ်ယောင်ထွက်နေသေးသည်။