Unicode
"ကဲ ညီလေး
ပင်ပန်းတယ်ဆိုလည်း အေးဆေးနား
ရေချိူးပြီးမှ ညစာစားပေါ့
ဒီနားမှာ တရုတ်ဆိုင်တွေရော
ညဈေးတန်းရောရှိတယ်
အဝေးကြီးတော့မသွားနဲ့နော်
ရော့ ညီလေး မင်းအကိုကညစာစားဖို့တဲ့ပိုက်ဆံ""ဪ ဟုတ်"
"အ့ဆို အကိုပြန်ပြီနော်
မင်းအကိုကိုစောင့်မနေနဲ့
အခန်းရှင်းပြီးသား စောစောနားနော်""ဟုတ်အကို ကျေးဇူးပါ"
အညာလက်ဆောင်အများစုမှာ စားစရာအသီးအနှံများဖြစ်သည်မို့ စုံစီနဖာလက်ဆောင်ပီနံထုပ်ကို မီးဖိုးခန်းထဲထားလိုက်ပြီး အဝတ်စား၄ ၅စုံထက်ပိုမပါတဲ့ကျောပိုးအိတ်လေးကိုလွယ်ကာ ဖိုးလုံးအပေါ်ထပ်သို့တက်လာခဲ့သည်။
သူ့အတွက်ရှင်းပေးထားသည့်အခန်းလေးမှာ
တစ်ယောက်အိပ်ကုတင်မွေ့ရာလေးနှင့်အဲကွန်းလည်းပါရှိ၍အတော်ပြည့်စုံပါသည်။
သူ ကုတင်ပေါ်ခြေပစ်လက်ပစ်လဲလျောင်းအနားယူမိသည်။အညာနှင့်ရန်ကုန်ခရီးသည်တနေကုန်ကားစီးရသည်။ခရီးရှည်မထွက်ဖူး၍သူ့အတွက်ပင်ပန်းလှသည်။
ကျေးတောသားလေးပင်ဖြစ်လင့်ကစားဖိုးလုံးသည်အလွန်နုနယ်သည်။မိဘများမှာမိရိုးဖလာတောင်သူလုပ်ငန်းလုပ်ကိုင်သူများဖြစ်လေရာ ယင်းလုပ်ငန်းများမှာသူနှင့်လုံးဝမအပ်စပ်။ဒါသည်ပင်လျှင်ရန်ကုန်သို့သူရောက်လာရခြင်း၏အကြောင်းဖြစ်သည်။
လိမ္မာရေခြားရှိသော်လည်းပညာရေးတွင်မပေါက်မြောက်။အလုပ်ကြမ်းလည်းမလုပ်နိုင်။
ထိုကြောင့် တခြားအသက်မွေးဝမ်းကျောင်း
ပညာတခုသင်ယူရန် ဖိုးလုံးအား ရန်ကုန်ရှိအကိုဝမ်းကွဲ လှိုင်းဝေထံ မိဘများကစေလွှတ်ခြင်းဖြစ်သည်။အညာတွင်ပျော်သော်လည်းမိဘများ၏ဆန္ဒကိုဖိုးလုံးမလွန်ဆန်နိုင်။
အညာတွင်သရက်ဖူးပြီ။ထန်းရည်တွေလှိုင်ပြီ။အိမ်ကထွက်ခဲ့သည်မှာ၁ရက်မပြည့်သေးသော်လည်းအိမ်ကိုလွမ်းလှသည်။သူ့အသက်၁၈နှစ်မှာပထမဆုံးအိမ်နဲ့ခွဲဖူးခြင်းပင်။ဟုတ်သည် သူအဖေနဲ့အမေ ညီမလေးကိုလွမ်းသည်။ရန်ကုန်သို့ချော"မော"ရောက်ကြောင်းသူအိမ်သို့ဖုန်းဆက်ရဦးမည်။
KAMU SEDANG MEMBACA
ကျားတို့ ရာဂ က်ားတို႔ ရာဂ🏳️🌈🔞