𝑊𝐴𝑁𝐺 𝑌𝐼 𝐵𝑂 ( 𝐿𝐸𝑂 )
'' ဟေ့ကောင်... မှန်ကြောင် ''
'' ကျောင်းသားသစ်လေး ''
အံတစ်ချက် ခဏလောက်ကြိတ်ပြီးမှ ရိပေါ် အနောက်က ကျောင်းသားတွေဆီ လှည့်လိုက်တယ်။
ကြည့်လိုက်တာနဲ့ လူမိုက်စတိုင်ပေါက်နေတဲ့ ကျောင်းသားတွေပုံစံက ဗရမ်းဗတာပဲ။ သူ့ရဲ့ အင်္ကျီစဆီ လှမ်းဆွဲပြီး သူတို့ရှေ့နား ရောက်အောင် လုပ်လိုက်တဲ့ ကျောင်းသားနှစ်ယောက်ရဲ့မျက်နှာတွေဆီ တည့်တည်စိုက်ကြည့်လိုက်တယ်။
စိတ်ထဲကနေတော့ ရိပေါ် ဟက်ခနပဲ လှောင်ရယ်နေတော့တာ။
'' ဘာလဲ... ဒီလို ပေစောင်းစောင်းအကြည့်နဲ့ ''
'' မင်းက ကျောင်းသားသစ်လေ... စီနီယာဖြစ်တဲ့ ငါတို့ကို နှုတ်ဆက်ရကောင်းမှန်းမသိဘူးလား ''
'' ငါသိတာ မင်းတို့ကငါနဲ့တစ်တန်းတည်း
ဘာအကြောင်းနဲ့မှ နှုတ်ဆက်စရာမလိုဘူးလို့ ငါထင်တယ် '''' ဘာကွ! စောက်ကြောကတင်းလှချည်လား ဟမ် ''
ရိပေါ်ရဲ့ ကျောင်းဝတ်စုံဆီက အင်္ကျီကော်လံက အဆွဲခံရတာမို့ တော်တော်လေးကြေမွနေပြီ။
ပါးတစ်ဖက် ထူပူသွားတာက ခပ်ပြင်းပြင်းအထိုးခံလိုက်ရလို့ပဲ။
'' အကြည့်ကို မပြင်သေးဘူးလား... ထပ်ထိုးပေးရမလား ''
'' ဟေ့ကောင် ဟေ့ကောင် ဟိုမှာဆရာမလာနေတယ် ''
ခပ်လှမ်းလှမ်းက လျှောက်လာတဲ့ ဆရာမတစ်ယောက်ကိုမြင်တော့ အထိတ်တလန့်နဲ့ ပြာယာခက်သွားတဲ့ ကျောင်းသားနှစ်ယောက်ကို ရိပေါ် အံသြသလို မျက်မှောင်ကြုတ်ကြည့်တယ်။
'' သွားရအောင်... သွားရအောင် ''
ပြေးထွက်သွားတဲ့ ကျောင်းသားနှစ်ယောက်က သူ့ကို တစ်ချက်တောင်လှည့်မကြည့်သွားတော့။
ကျန်ခဲ့တဲ့ ရိပေါ်က ပါးပေါ်ကဒဏ်ရာကို ခပ်ဖွဖွထိရင်း လက်မှာပါလာတဲ့ သွေးစတွေကို မြင်တော့ ခပ်တိုးတိုး ဆဲရေးပစ်လိုက်တယ်။
.
.
.
.'' လူတစ်ယောက်ကို တွေ့အောင်ရှာဖို့က အရမ်းခက်နေလား!!! ''