𝑋𝐼𝐴𝑂 𝑍𝐻𝐴𝑁 ( 𝑆𝐸𝐴𝑁 )
ဓာတ်ပုံတွေ ဆက်တိုက် ရိုက်ယူနေတဲ့ ကင်မရာဆီကနေ မီးရောင်က တဖျက်ဖျက်နဲ့ လင်းနေတယ်။
ရှောင်ကျန့် ရိုက်ယူလိုက်နေတဲ့ ဓာတ်ပုံတွေက မှင်သက်စရာ လှလှပပပုံတွေမဟုတ်ပဲ ထိတ်လန့်စရာ မှုခင်းပုံတွေသာ ဖြစ်တယ်။
'' သတ်သွားတဲ့လူက ရက်စက်လိုက်တာ ''
အနားက ဌာနရဲ့ လူသစ်လေးက နှာခေါင်းဆီ လက်အုပ်ရင်း မဲ့သဲ့သဲ့ပြောတော့ ရှောင်ကျန့်ပြုံးလိုက်မိတယ်။ သူပထမဆုံး အလုပ်ဝင်ခဲ့တုန်းလည်း အဲ့သည်လို ဖြစ်ခဲ့တယ်လေ။
'' mask မတပ်လာဘူးလား... ရော့ ဒါယူထားလိုက် ''
ဘောင်းဘီအိတ်ကပ်ထဲက လက်ကိုင်ပဝါခေါက်ရင်လေးကို ကမ်းပေးတော့ ကောင်လေးက ခါးတွေကိုင်းပြီး ကျေးဇူးတင်တယ်။ အလောင်းက သေဆုံးနေတာကြာပြီမို့ အနံ့အသက်က သိပ်မကောင်းချင်တော့ဘူး။
လုပ်သက်မနည်းတော့တဲ့ သူ့အတွက်တော့ ဒီလောက်က mask တပ်ထားဖို့တောင်မလိုပဲ အဆင်ပြေပြေဖြစ်တယ်။
'' နောက်ခါတွေ Mask တပ်လာ... ဟုတ်ပြီလား ''
'' ဟုတ်ကဲ့ ဆရာရှောင်း ''
လွယ်ထားတဲ့ ကင်မရာကို နောက်ကောင်လေးတစ်ယောက်ဆီ ရှောင်ကျန့် ကမ်းပေးလိုက်တယ်။တခြားအမှုတွေ ကိုင်တွယ်ဖို့ ရှိသေးတာကြောင့် သူဌာနဆီပြန်ရဦးမယ်။ မနက်ခင်းချိန်ကလဲ မစောတော့။
'' ဆရာရှောင်း ဌာနပြန်မှာလား ''
'' အင်း.. ဘာလို့လဲ ''
ကင်မရာလှမ်းယူထားတဲ့ ကောင်လေးကမေးတော့ သူဖြေရတယ်။ သူက ဘယ်တုန်းကမှ လက်အောက်ငယ်သားတွေကို လျစ်လျူမရှူခဲ့ဖူးဘူး။
'' ဌာနပြန်ရင် ကျွန်တော်တို့ကိုပါ ခေါ်သွားပေးပါလို့ ... လာတုန်းကတော့ ဆရာဟွမ်းနဲ့ လာခဲ့ပေမယ့်
ဆရာဟွမ်းက အမှုပေါ်လာတော့ ထွက်သွားလို့ '''' ရတယ်လေ... မနက်စာစားပြီးပြီလား ... မစားရသေးရင် အစ်ကိုတို့ တစ်ခုခုဝင်စားကြတာပေါ့...
သွားရအောင် ''အရှေ့က ထွက်သွားတဲ့ ရှောင်ကျန့်ရဲ့ကျောပြင်ဆီကြည့်ပြီး ကောင်လေးနှစ်ယောက်မှာ တီးတိုးပြောနေရင်း ကျန်ခဲ့တယ်။
'' ဆရာရှောင်းနဲ့ဌာနတစ်ခုတည်းမှာကျတာ သိပ်ကံကောင်းတာပဲ '' ။
.
.
.
.'' ပြန်လာပြီလား ဆရာဟွမ်း ''
ဌာနရဲ့ ရုံးခန်းထဲဝင်လာတဲ့ ဆရာဟွမ်းကို ရှောင်ကျန့်က အမှုစစ်စာရွက်စာတမ်းတွေ ဖတ်နေရင်းက လှမ်းနှုတ်ဆက်တယ်။ တရားခံဖမ်းပြီး ပင်ပန်းလာခဲ့တဲ့ ဆရာဟွမ်းက ခေါင်းတစ်ချက်ငြိမ့်၊ လက်ပြပြီးသာ ပြန်တုံ့ပြန်တယ်။
ရှောင်ကျန့်မှာလဲ အဲ့လိုနေ့ရက်တွေရှိတယ်။ တရားခံက ပြေးမလွှတ်မှာသိရက်နဲ့ ခြေဦးတည့်ရာ ထွက်ပြေးတဲ့ နေ့ရက်တွေပဲ။ ခြေတံရှည်တွေကို အလုပ်ပေးရတဲ့အခါ ပင်ပန်းတယ်။
'' ဆရာရှောင်း... ဆရာဟွမ်း... B မြစ်ထဲ
မှာ အလောင်းနှစ်လောင်းတွေ့လို့ ''ရုံးခန်းထဲ ပြေးဝင်လာတဲ့ကောင်လေးက နေ့ခင်းက ရှောင်ကျန့် လက်ကိုင်ပဝါထုတ်ပေးခဲ့တဲ့ ကောင်လေးဖြစ်တယ်။
.
.
.
.'' အသတ်မခံရရခင် နှိပ်စက်ခံထားရတဲ့လက္ခဏာတွေရှိနေတယ် ''
ရှောင်ကျန့်က အလောင်းတွေကို စစ်ဆေးနေတဲ့ လူဘေးနား ဝင်ရပ်ရင်း ဒူးတစ်ဖက်ကွေးထိုင်ချလိုက်တယ်။
'' ကျောင်းသားတွေပဲ ''
သူ မျက်ခုံးတွေ ကျုံ့မိတယ်။ ဒီကလေးတွေက ဒီလိုအသတ်ခံရလောက်တဲ့ အကြောင်းအရင်း ဘာများရှိမလဲ။
မတ်တပ်ပြန်ရပ်ရင်း သက်ပြင်းတစ်ချက်ချတယ်။
အနောက်က ကောင်လေးနှစ်ယောက်ကလည်း စိတ်မကောင်းတဲ့ မျက်နှာထားလေးတွေနဲ့။'' သူတို့ ဘယ်ကျောင်းကလဲ သိပြီလား ''
'' H အထက်တန်းကျောင်းကပါ ဆရာရှောင်း ''
'' ကောင်းပြီ... ဒီအနီးနားကို တစ်ချက်ရှာကြည့်ကြ ''
'' ဟုတ်ကဲ့ ''
နှစ်ယောက်သားထွက်သွားကြရင်း ရှောင်ကျန့်ကတော့ အဲ့သည်နေရာမှာသာ ကျန်ရစ်ခဲ့တယ်။
လူသတ်မှုတွေနဲ့ ကျင်လည်နေရတဲ့ တစ်နေ့တာမှာ
လူမပင်ပန်းပေမယ့် စိတ်ကတော့ ပင်ပန်းချင်စရာ။.
.
.
.မြစ်ရဲ့ ဘေး ကားလမ်းဆီကနေ မီးသတ်ကားတွေက အရှိန်ပြင်းပြင်း ဖြတ်မောင်းသွားကြတယ်။ အရေးပေါ်သတိပေးသံတွေက အဲ့သည်တစ်ခဏအတွင်းမှာပဲ ဆူညံသွားစေတယ်။
'' ဆရာရှောင်း ... H အထက်တန်းကျောင်းမှာ အခု မီးလောင်နေတယ်တဲ့!!! '' ။