𝑡ℎ𝑒 𝑒𝑛𝑑.

2K 188 11
                                    

𝐿𝑒𝑡'𝑠 𝑚𝑒𝑒𝑡 𝑎𝑔𝑎𝑖𝑛,𝑓𝑜𝑟 𝑡ℎ𝑒 𝑓𝑖𝑟𝑠𝑡 𝑡𝑖𝑚𝑒.

မြေအောက်မှာ ဆောက်ထားတဲ့ တရားမဝင် လောင်းကစားရုံထဲမှာ အထက်တန်းလွှာတွေ များတယ်။ ဖဲချပ်တွေ လှန်ရင်း ၊ အံစာတုံးတွေ ပစ်ရင်း ၊
ဝီစကီတွေ သုံးဆောင်ရင်း ။

ရယ်မောရင်း အလောင်းအစားမှာရစ်မူးနေကြတဲ့ လူတွေရဲ့ အနောက်ဘက်က သီးသန့်အခန်းကျယ်ထဲမှာ အေးစက်တဲ့လေထုတွေ ပြေးလွှားနေတယ်။

ရိပေါ်က စီးကရက်တစ်လိပ်ကို ဖွာနေတယ်။ အရောင်းအဝယ်က ပြီးသွားပြီမို့ သူ့မျက်နှာချင်းဆိုင်ကလူနဲ့ စကားစမြည်ဆက်ပြောချင်စိတ်မရှိတော့ဘူး။

'' ဟိုတစ်ခါ ချိန်းထားရင်းကနေ ဖျက်ပစ်လိုက်ရလို့ တကယ် စိတ်မကောင်းပါဘူး... ရဲတွေက ဘယ်လိုအနံရသွားလဲမသိတာ ''

'' မင်းသာ လှုပ်ရှားတက်ရင် ဘာနံ့မှရကြမယ်မထင်ဘူး ''

စီးကရက်ငွေ့ကို ရိပေါ် ရှိုက်ထုတ်လိုက်တယ်။

'' ဟားဟား...ဟုတ်ပါတယ်.. ကျွန်တော်က မစ္စတာဝမ်လောက်မှ မကျွမ်းကျင်ပဲ .. ဒါဖြင့် ဆုံတုန်းဆုံခိုက် တစ်ပွဲလောက် ဆော့ရအောင်လား မစ္စတာဝမ်က ဖဲချပ်ကစားတာတော်တယ်လို့ကြားတယ် ''

'' အလျော်အစားအနေနဲ့ ငါနိုင်ခဲ့ရင် မင်းရှေ့က ပစ္စည်းတွေ ထားခဲ့ရမယ်ဆိုရင်ကော ကစားချင်သေးလား ''

'' တော်တော်နောက်တတ်တဲ့ မစ္စတာဝမ်ပါလား...
ကျွန်တော်က... ''

စကားသံတွေ​က အကန်ခံရလို့ ပွင့်သွားတဲ့ တံခါးသံနောက်မှာ ရပ်တန့်သွားတယ်။ ရိပေါ်က အသံလာရာ
ကျောနောက်ဘက်ဆီ မလှည့်ကြည့်ဖြစ်သေး။

'' ငြိမ်နေ! တစ်ယောက်မှ မလှုပ်နဲ့ ''

ရိပေါ် စုပ်တစ်ချက်သပ်တယ်။ မလိုအပ်ပဲ အသက်ပေးချင်နေတဲ့ ရဲတွေက တကယ့်အာရုံပဲ။

တစ်ယောက်မကတဲ့ ရဲတွေ စုံထောက်တွေဆီ တည့်တည့်ချိန်ပစ်ဖူးတဲ့ ကုတ်အတွင်းအိတ်ထဲက သေနတ်
တစ်လက်ကို နှိုက်ယူထုတ်လိုက်တယ်။

မြန်ဆန်တဲ့ အရှိန်နဲ့ မတ််တပ်ထရပ်ပြီး သူ့နောက်ဘက်ဆီ လက်ထဲက သေနတ်နဲ့ တည့်တည့်ချိန်လိုက်တယ်....။

.
.
.
.

သူတို့က တစ်ချိန်တုန်းက အိပ်ရာထက်မှာ ရီဝေလှိုက်ဖိုနေတဲ့ အကြည့်တွေနဲ့ တစ်ယောက်ကို တစ်ယောက်ကြည့်ခဲ့ဖူးတယ်။

သူတို့က အခုချိိန်မှာပဲ တစ်ယောက်ကိုယ်တစ်ယောက် သေနတ်ကိုယ်စီနဲ့ တည့်တည့်ချိန်ထားကြတယ်။

တစ်မိနစ် ...
နှစ်မိနစ်... ။

'' ရှန်... ''

'' လီယို ''

နှုတ်ဖျားတွေ မလှုပ်ရှားတဲ့ စိတ်ရဲ့အသံတွေဖြစ်တယ်။

အဆုံးသတ်မှာ သူတို့က တစ်ယောက်နဲ့တစ်ယောက်
ဘယ်တုန်းကမှ မဆုံခဲ့ဖူးကြတဲ့ လူတွေလို
အေးစက်တဲ့မျက်ဝန်းတွေနဲ့ အပြန်အလှန် ကြည့်နေခဲ့ကြတယ်။

Veni Vidi Amavi.

𝐕𝐞𝐧𝐢 𝐕𝐢𝐝𝐢 𝐀𝐦𝐚𝐯𝐢 [ Completed ]Tempat cerita menjadi hidup. Temukan sekarang