အပိုင်း 5
Do YOU love ME?
ထိုသူက Jimin လက်ကို ဆွဲကိုင်လိုက်သည်။
"Hey....ဘာလုပ်တာလဲ "
"ငါနဲ့ခဏနေပါအုံး"
Jungkook က ရောက်လာကာ Jimin ရှေ့ကနေဝင်ကာလိုက်သည်။
"သူက ငါ့အပိုင် နောက်ဆုတ်နေလိုက်"
ထိုလူကရယ်သည်။
"ဘယ်လိုလုပ်...မင်းအပိုင်ဖြစ်တာလဲ"
Jimin က Jungkook ကို ဆွဲကာ တည်ကြည်စွာပြောသည်။
"ငါက မင်းအပိုင်မဟုတ်ဘူး...."Jimin က ထိုသူ လက်က ကိုင်ထားတယ့် ဝိုင်ခွက်ကို လှမ်းယူကာ
"သွားရအောင်...သူနဲ့နေမယ့်အစား..
မင်းနဲ့အချိန်ဖြုန်းရတာ တန်တယ်"Jungkook က သူ့ကိုယ်သူ အရှုံးသမားတစ်ယောက်လို ခံစားလိုက်ရသည်
Jimin က Jungkook ကိုရှောင်ကာ
သူ မသိတယ့် သူရဲ့လက်မောင်းကို
တွဲကာ ထွက်သွားသည်။❤❤❤❤🐇
နည်းနည်းလှမ်းတော့ Jimin က
တွဲထားတယ့် လက်ကိုဖြုတ်ကာ"Loser တွေနဲ့ မတွဲတတ်ဘူး...အဟက်"
ရီကာ လက်ပြရင်း ထွက်သွားသည်။
Jimin က Party ထဲ ပြန်ဝင်လာသည်။
Party ပွဲ ပြီးတော့
မန်နေဂျာက ကားရှေ့စောင့်နေပေမယ့်နေရာတစ်ခုမှာ Tae Jimin နဲ့ Jin က yoongi နဲ့စကားပြောနေကြသည်။
Tae က ရတယ့်အခွင့်ရေးကို လက်မလွှတ်တတ်ပေ။
"Suga ဟျောင်း မှာ ကားပါလား"
"အင်း...ပါတယ်"
"ဒါဆို Tae ကို လိုက်ပို့လို့ရမလား"
Jimin နဲ့ Jin က ကြောင်ကာ "ဘာလို့လဲ" ပုံစံနဲ့ Tae ကို ကြည့်သည်။
Tae က မျက်စတွေပစ်ပြကာ လုပ်ပြတော့ Jimin က သိကာ
"အော်...ကားပျက်သွားလို့...ဟျောင်း"
Yoongi က ခေါင်းညှိပ်သည်။သူ့ကြည့်ရတာယုံသွားသည့်ပုံပင်။
Jin က ရယ်ပြရင်း
"ကျွန်တော် က RM ဟျောင်းကားနဲ့သွားမှာ...သူ့ကိုပြောမိထားလို့"
YOU ARE READING
Do you love me?
Fanfictionငါမင်းကိုအရမ်းမုန်းတယ်သိလား Jungkook ငါတော့မင်းကိုအရမ်းချစ်တယ် Jimin