PART 14

1.2K 108 5
                                    

အပိုင်း 14

Do YOU love ME?

သူ့ရဲ့လက်တစ်ဖက်ကို
တင်းကျပ်စွာဆုပ်ကိုင်ထားသည့်သူ

"Jungkook..."

ဘယ်ချိန် ထဲက ရောက်နေမှန်းမသိ
သူ့လက်ကိုဆုပ်ကိုင်ပြီး အိပ်နေသည်။

Jimin နှုတ်ခမ်းလေးမှ သူ့နာမည် လေး
ကိုခေါ်လိုက်သည်နှင့် ချက်ချင်း နိုးသွားသည့် Jungkook

"Jimin..ချစ်လေး..အသဲလေး နိုးပြီလား..
အဆင်ပြေလား...ခေါင်းကိုက်နေလား..."

Jimin က ရုတ်တရက် သူ့မျက်နှာက သူ့ကိုပင်ပြန်ပြီးစိုးရိမ်နေသလိုပင်။

Jungkook လက်ကို Jimin က
သူ့လက်လေးနဲ့ဆုပ်ကိုင်လိုက်ရင်း

" Jungkook မင်းအရမ်းပင်ပန်းနေလား.."

Jungkook က ပြုံးကာ Jimin
လက်လေးကိုပြန်ဆုပ်ကိုင်ပေးရင်း

"မပင်ပန်းပါဘူး..ကိုယ်ကဘာလို့ပင်ပန်းရမှာလဲ "

Jimin လေး က မျက်ရည်တွေဝဲတတ်လာသည်။

သူ့နေမကောင်းလဲ ဖြစ်နေပြီ အခုတလော ဖိအားတွေအပြင်သူ့ချစ်သူကိုလွမ်းစိတ်တွေပါရှိနေခဲ့တာမို့

သူအတွက် ဘယ်ကိစ္စတွေကမဆို
ဖိအားတွေလို့ခံစားနေရသည်။သူ့ဖိအားတွေကြောင့်သူ့ချစ်သူကပါ မဆိုင်ဘဲဝင်ခံစားပေးနေရတယ်လို့တွေးနေမိသည်ပင်။

"အခုတလော ..ငါ့ ရည်းစားဟောင်းကြောင့်
စိတ်ရှုပ်ရတယ်မလား....ငါ့ကိစ္စတွေ ပြသာနာတွေ
အကုန်ရှင်းနေရတယ်မလား..ပြီးတော့
ငါနေမကောင်းထပ်ဖြစ်တော့ မင်းအလုပ်တွေပစ်ပြီး
ငါ့ဆီရောက်လာတယ်မလား..မင်းငါနဲ့တွဲရတာ အဆင်ပြေရဲ့လား..ငါက မင်းအတွက် ပြသာနာ တွေပဲယူလာပေးနေခဲ့မိပြီလား..Jungkook.."

Jungkook က မျက်နှာဟာလုံးဝပြောင်းလဲကာ
သူ ချစ်သူကိုသူအရမ်းချစ်တော့ ဒါတွေကဘာမှမဟုတ်ဘူး...လို့တွေးထားပေမယ့်..သူ့ချစ်သူခေါင်းထဲမှာဒါတွေကို လုပ်ပေးနေရတယ့် သူ့ကို
အရမ်းအားနာနေတယ်လို့ တွေးနေသည်။

"Jimin သေချာနားထောင်နော်...
ကိုယ်မျက်လုံးထဲမှာ ဒါတွေက ဘာမှမဟုတ်ဘူး ..."

"မင်းအတွက်မဟုတ်ပေမယ့်..ငါ့အတွက်တော့...
ငါကမင်းအတွက်ဆူးတစ်ခုဖြစ်နေမလား...
မင်းကိုအဆင်မပြေဖြစ်စေတယ့်သူဖြစ်နေမလား..
ငါများလားလို့​တွေးနေမိပြီ"

Do you love me?Where stories live. Discover now