PART 13

1.2K 109 5
                                    

အပိုင်း 13

Do YOU love ME?

Company ထဲက စားသောက်ဆိုင် မှာပဲ

"ဘာကိစ္စလဲ..."

"Jimin နည်းနည်းတော့ ပြန်စဉ်းစား ကြည့်ပါအုံး...
မင်းကိုယ့်ကိုချစ်နေသေးတယ်မလား"

"အဲ့စကားတွေ ပြောဖို့ဆိုရင်တော့
ငါမင်းနဲ့ပြောစရာမရှိဘူး"

Jimin က ထသွားဖို့ပြင်တော့

"မင်း ဒီ Company ကြောင့်လား
ဒီ Company ပိုင်ရှင် က Jungkook ဖြစ်နေလို့
သူ့ကိုကြိုက်တာလား"

Jimin ကြားလိုက်ချင်း ဒေါသတွေထောင်းခနဲ
ထွက်သွားရသည်။

"ကိုယ်အခု ဒီ Company ရှယ်ယာတွေကို
ပြန်ဝယ်နေတယ်...ခတ်ခဲပေမယ့်ပိုက်ဆံတွေ
အကုန်သုံးပြီး...ဒီCompany ရှယ်ယာတွေကို
သူ့ထက်သာအောင်ဝယ်လိုက်ရင်..မင်းကိုယ့်ကို
ပြန်စဉ်းစားမလား..."

"ဖြန်း...."

Jimin က လက်ဝါးဖြင့်
သူ့ပါးကို ခက်ကြမ်းကြမ်း ရိုက်လိုက်သည်

"ပါးစပ်ပိတ်ထား...ဒီ Company တစ်နေ့
မင်းပိုင်ခဲ့သည်ရှိသော်...ငါအလုပ်ထွက်မယ်..
အနုပညာရှင် ဆက်မလုပ်ဘူး...ပြီးတော့
သိထားလိုက်နော် ငါနှလုံးသားထဲမှာJungkook
ဆိုတယ့် လူသားတစ်ယောက်ပဲရှိတယ်.."

ပြောကာ ထွက်သွားတော့သည်။

မယုံကြည်နိုင်ဖြစ်နေသည့်Jinyoung
က Jimin ကျောပြင်ကိုကြည့်ရင်း

"အများကြီး ပြောင်းလဲ သွားတယ်နော်.."

Jimin က ခြေလှမ်းတွေရပ်လိုက်ကာ

"Jungkook ငါ့ချစ်သူဖြစ်သွားကတည်းက
ငါအရာအားလုံးပြောင်းလဲသွားပြီ..."

❤❤❤❤❤❤❤

Jimin စိတ်အခြေနေမကောင်းတာနဲ့
Jungkook ဆီ ဖုန်းဆက်ခဲ့သည်။

Jungkook က အလုပ်လုပ်နေရင်း
ဖုန်းကို ကိုင်လိုက်သည်။

"Hello...Jimin..."

"Hello... "

"အင်း...ပြောလေ.."

Jimin က အသံနှုတ်ဆိတ်နေတာနဲ့
Jungkook လဲ စိတ်ပူသွားခဲ့သည်။

"Jimin..ဘာဖြစ်လို့လဲ.. ကိုယ့်ကိုပြောလေ"

ဒီချိန် အသံသဲ့သဲ့လေးဟာ
တိုးညှင်းစွာဖြင့် ထွက်လာသည်။

Do you love me?Where stories live. Discover now