အပိုင်း ၇

6.9K 466 17
                                    

စကားဝိုင်းအတွင်းဝင်မပါပဲ ဘေးဖယ်နေခဲ့တာမျိုးက အဲ့အိမ်ကပဲ စကားပြောခွင့်မပေးထားလို့လား။

ဗြာများနေတဲ့ပုံစံကလည်း သူနဲ့သိနေပါတယ်ဆိုတဲ့ ဆက်ဆံရေးကို ဖော်ပြရမှာကြောက်နေလို့လား။

အတော်ဒေါသဖြစ်မိပေမဲ့ ထွဋ်မြတ် တက်နိုင်သလောက်တော့ မသိဟန်ဆောင်ရင်း စကားတွေလည်း ထိန်းပြောခဲ့ပါ၏။

“ဘယ်နှရက်‌နေ့လဲဗျ”

“အင်္ဂါ‌နေ့ကျသွားတယ် ညနေပိုင်းပဲဆိုတော့ အဆင်ပြေမဲ့အချိန်လာခဲ့ပါ”

“ကျွန်တော် သေချာပေါက်လာခဲ့ပါ့မယ်”

မဒမ်ရဲ့သလဲသီးနံ့ Pheromones တွေကြောင့် ခေါင်းနောက်ချင်လာပေမဲ့ တချက်ချက် နှာဖျားဆီသို့ တိုးဝင်လာနေသည့် လာဗင်ဒါပန်းရနံ့လေးကြောင့်သာ သူဒီနေရာတွင် ကြာကြာရပ်‌နေနိုင်ခဲ့သည်။

အနေရကြပ်နေသည့်မျက်နှာလေးကို တချက်ငဲ့ကြည့်ရင်း...

“ဒါနဲ့...”

စကားစလိုက်၍ သူ့အားမော့ကြည့်လာသည့်မျက်ဝန်း လက်လက်ကလေး။

“ဘာလို့ကျောင်းဆက်မတက်တာလဲ”

သူ့အနေဖြင့် တစ်ဖက်သား၏ ကိုယ်ရေးကိုယ်တာကိစ္စတွင် မပါဝင်သင့်မှန်း၊ ထိုသို့မေးမိသည်က ရိုင်းမှန်း သိနေပေမဲ့ စိတ်ထဲတနုံ့နုံ့ဖြစ်နေ၍ မေးလိုက်ခြင်းသာ။ မဒမ်တို့မိသားစုက သူတို့မိသားစုနှင့် ယှဉ်နိုင်သည်မဟုတ်ပေမဲ့ အတော်အတန်‌ စီးပွားရေးတောင့်တင်းသည်ဖြစ်ရာ မိသားစုဝင်ဖြစ်နေပြီဖြစ်သည့် ဒီကောင်လေးအတွက် ပညာရေးလမ်း‌ကြောင်း မ‌ဖောက်ပေးတာ ထူးဆန်းမနေဘူးလား။

ဒီကောင်လေးအပေါ် တစ်မိသားစု‌လုံးက အနိုင်ယူနေခြင်းလား မဟုတ်ရင် ကောင်‌လေးရဲ့ပါတနာတစ်ယောက်တည်းကပဲလား သူသိချင်သည်။

“အဲ့ဒါပြောတာပေါ့”

မဒမ်ကဝင်ပြောရင်း ကောင်လေးကိုလှည့်ကြည့်ကာ အားမလိုအားမရဖြင့် ဆက်ပြော၏။

“အန်တီလည်းပြောနေတာ ၂၂ ဆိုတာ ငယ်သေးတာပဲကို ကျောင်းဆက်တက်လို့ဖြစ်နိုင်သေးတယ်မလား”

လာဗင်ဒါပွင့်သောမင်းရှိရာ (Complete)Место, где живут истории. Откройте их для себя