အပိုင်း ၄

7.3K 488 19
                                    

“နှောင်းငယ်!”

“ကိုကို”

အသံကျယ်တစ်ချက်နှင့်အနားရောက်လာသည့်ကောင်လေးကို ထွဋ်မြတ်အကဲခတ်လိုက်သည်။ ချွေးစတွေစို့နေသည့်နဖူးပြင် နှိမ့်ချည်မြင့်ချည်ဖြစ်နေသည့် ရင်အစုံက ညီအကိုမောင်နှမအ‌ပေါ်ထားရှိသည့်စိတ်ထား မည်မျှပြည့်ဝသလဲဆိုတာကို ဖော်ပြနေကြသည်။

ဆိုဖာပေါ်အိပ်မောကျနေ‌သောညီမငယ်၏ မျက်နှာနုနုကို‌ငေးကြည့်ရင်း သက်ပြင်းတချက်ရှိုက်ကာ ကောင်လေးက သူ့ဖက်လှည့်ကြည့်လာတာကြောင့် ထွဋ်မြတ်တို့နှစ်ဦး အကြည့်ချင်းဆုံသွားကြသည်။
ကောင်လေးရဲ့မျက်ဝန်းတွေကသူ့အား မှတ်မိသယောင် ပြုးကျယ်သွားကြသည်မို့ ထွဋ်မြတ် ထိုင်ရာမှထလိုက်သည်။

“အသက်မပြည့်ပဲ မင်းညီတို့က အလုပ်ကိုလိမ်လုပ်တယ်”

ကုတ်အင်္ကျီကိုချွတ်ထားပြီးဖြစ်ရာ ထွဋ်မြတ်ရဲ့ရုန်းကြွနေသည့်ကြွက်သားတို့က ထင်သာမြင်သာရှိစွာ။ စတိုင်ပင်န်ထဲလက်လျိုရင်း ကောင်‌လေးအနားကို တစ်လှမ်းချင်းလျှောက်သွားလေတော့  ကောင်လေးရဲ့မျက်နှာခပ်ညိုးညိုး‌လေးက ထွဋ်မြတ်အားမော့ကြည့်လျက်။

“ရှန်ပိန်တိုက်မိတာငါ့အမှားပေမဲ့ အသက်လိမ်တာအတွက်တော့ မင်းညီတို့မှာတာဝန်ရှိတယ်”

“ကျွန်တော်တာဝန်ယူမှာပါ ကျေးဇူးပြုပြီး သူတို့ကိုတော့ပြဿနာမရှာပါနဲ့‌”

အမှားလုပ်ထားတာက သူ့ညီတွေဖြစ်၍ စန့်ငယ်က ထွဋ်မြတ်အားတောင်းပန်သည်။

“ကိစ္စမရှိပါဘူး ၁၄ နှစ်ကလေးမလေးကို ရှန်ပိန်တိုက်မိတဲ့ကိစ္စနဲ့ ချေလိုက်ပေါ့”

ပြောပြီး ကလေးမလေး အမူးပြေဖို့အတွက် Gatorade တစ်ဘူးကို ထွဋ်မြတ် ကမ်းပေးလိုက်သည်။

“နိုးလာရင်တိုက်လိုက် အခုတော့ထားလိုက်ဦး”

ရိုကျိုးစွာယူသွားပြီး ဘူးလေးကိုသာငုံ့ကြည့်နေ၏။ ညီဖြစ်သူက‌လည်း သူ့အမြွှာမိန်းကလေးဘေးတွင်ထိုင်ကာသာ တခြားကိုအာရုံမရဖြစ်နေတော့ ဧည့်ခန်းငယ်အတွင်း စန့်ငယ်တို့သုံးယောက်ကို ထိုအတိုင်းထားခဲ့လိုက်ပြီး ထွဋ်မြတ်အခန်းပြင်ကိုထွက်ခဲ့လိုက်သည်။

လာဗင်ဒါပွင့်သောမင်းရှိရာ (Complete)Donde viven las historias. Descúbrelo ahora