အပိုင်း ၁၉

6.6K 435 50
                                    

အလုပ်ကြိုးစားနေမည့် ကောင်လေးတစ်ယောက်ကို သူမြင်ချင်၍ ညနေပိုင်းတွင် ထွဋ်မြတ် ရုံးအစောဆင်းရန်ပြင်လိုက်သည်။ 

“ရှင်းစန့်ငယ် အလုပ်ရသွားပြီဆို”

ဆေးရုံမှလစ်ထွက်ကာ သူ့ဆီ အလေလိုက်နေသည့် မျိုးလွင်က ဆိုဖာတွင် ခပ်လျော့လျော့ထိုင်ကာ ပန်းသီးစိပ်စားလျက် မေးလာသည်မို့ ထွဋ်မြတ် ခေါင်းညိတ်ပြလိုက်သည်။

“Bougainvillea မှာ”

သာမာန်ဆိုအလုပ်ခန့်မည်မဟုတ်သည့် Bougainvillea ဆိုင်က သူ့မျက်နှာကိုထောက်ရင်း စန့်ငယ်ရဲ့ပန်းချီလက်ရာကို ကြည့်ခဲ့သည်။ သူ့ဆီမှာရှိတာဆိုလို့ကလည်း ငှက်ပြာလေးတစ်ခုပဲရှိတာကြောင့် ထိုပန်းချီကားချပ်လေးကိုပဲ ပြသနိုင်ခဲ့တာဖြစ်သလို လက်ရာကောင်းတစ်ခုဖြစ်၍ ဆိုင်ရှင်က ခေါင်းညိတ်သွားခဲ့တာဖြစ်သည်။

“ရဖို့မလွယ်ဘူးဆို အသိရှိရင်တောင်မှ”

မျိုးလွင်ရဲ့စကားကို သူခေါင်းညိတ်လိုက်သည်။ ဇီဇာကြောင်သည့်ဆိုင်ပိုင်ရှင်ဟာ ပန်းချီဆိုတာကို တကယ်မြတ်နိုးတဲ့သူတွေကိုပဲ အလုပ်ခန့်မည်ဟု ကြွေးကြော်ထားတာလည်း ရှိသေးတာကြောင့် စန့်ငယ်အတွက် ပါရမီရှိခြင်းကသာ အခွင့်အရေးဖြစ်သွားခြင်းဖြစ်သည်။

“ငါက ပြောပေးရုံပဲရှိတာ ဆိုင်ရှင်က သူကိုယ်တိုင် ဆုံးဖြတ်ချက်ချသွားတာပဲ”

မျိုးလွင်က ခေါင်းညိတ်ပေမဲ့ ဒီအကြောင်းကို စန့်ငယ်သိအောင် ထွဋ်မြတ်ပြောပြရဦးမည်။ မဟုတ်ရင် သူ့ကျေးဇူးနဲ့ အလုပ်ရသွားတယ်ဆိုပြီး တင်းအားတွေနဲ့အတူ အလုပ်မှာ စန့်ငယ် စိတ်ပင်ပန်းနေဦးမှာကို သူစိုးရိမ်မိတာ‌ကြောင့်ဖြစ်သည်။

လက်ပတ်နာရီကိုတချက်ကြည့်လိုက်ပြီး ထွဋ်မြတ် လက်ဆွဲအိတ်ထဲ ပန်းချီကားချပ်လေးအား ထည့်သိမ်းလိုက်သည်။ ထိုသည်ကိုမြင်သည့်မျိုးလွင်က မျက်ခုံးတွေပင့်ကာ ပါးစပ်ထဲမှပန်းသီးစိပ်အား ခပ်မြန်မြန်ဝါးပြီးမျိုချ၏။

“မင်းအဲ့ပန်းချီကားချပ်ကို ရုံးတက်ရုံးဆင်း သယ်သွားတာလား”

ထွဋ်မြတ်အိမ်‌မှာလည်း သူတွေ့ခဲ့ဖူး၍ မျိုးလွင် မေးမိရခြင်းဖြစ်သည်။ ပန်းချီကားချပ်၏ ဘေး‌ထောင့်တွင်ကပ်ထားသော Note လေးကအစ သူမြင်ဖူးခဲ့တာနဲ့ အတူတူပဲဆိုတော့ မျိုးလွင် သိချင်စိတ်ပြင်းပြလာမိရသည်။

လာဗင်ဒါပွင့်သောမင်းရှိရာ (Complete)Место, где живут истории. Откройте их для себя