Episode 1 ✓

9.6K 470 258
                                    

Unicode ✅

ဤဇာတ်လမ်းတွင် ပါဝင်သည့် အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးဖြင့် ဖန်တီးပုံဖော်ထားသည့် Universe တစ်ခုသာဖြစ်လေ၏။

Episode 1 ✓

အဆင့်မြင် ပြိုင်ကား အနီရောင်ပေါ်၌ ဆင်းလာသည့်သူဟာ တစ်ကျောင်းလုံး အတွက်တော့ နတ်ဆိုးတစ်ပါးအလား။ သိပ်ကြောက်ဖို့ ကောင်းလွန်းလှသည်။

အနက်ရောင် ခေါင်းစွပ်ပါသည့် အင်္ကျီအား ဝတ်စင်ထားလို့ ကျောင်းဝန်းထဲသို့ ခပ်ဖြေးဖြေးလျှောက်လာသည့်သူ့အား မည်သူမှ မျက်နှာပင်မော့မကြည့်ရဲ။

ထို့နောက် သူမနက်စာစားနေကျ ဆိုင်လေးဆီ အကြည့်ရောက်မိတော့ သူထိုင်နေကြ ဝိုင်းလေးထက် အေးအေးလူလူ ထိုင်နေသည့် ကောင်မလေး တစ်ယောက်ကိုမြင်တော့ သူ့မျက်နှာဟာ ခပ်ယေးယေးသာပြုံးလို့ ထိုကောင်မလေးရှိရာဝိုင်းသို့ ဖြေးဖြေးချင်း လျှောက်သွားလိုက်သည်။

အနားကိုရောက်တော့ ထိုကောင်မလေးက သူ့အား  မော့ကြည့်သည်။ လှသည်။ ထိုကောင်မလေးက သိပ်လှသည်။ သို့သော်။

“ဒီဝိုင်းကနေ ထွက်သွားပေးလို့ရမလား”

သူ့အမေးကြောင့် ကောင်မလေးက ကြောင်သွားသည်ထင်။ သူ့အားငေးကြည့်မြဲ ‌ကြည့်နေဆဲ။

သူသည် စိတ်မရှည်တက်တဲ့သူပြီပြီ လက်အစစ်တွေအားချိုးလို့ ထိုကောင်မလေးကို စိုက်ကြည့်ပြီး နောက်ထပ်တစ်ကြိမ် အသိပေးရပြန်သည်။

“ဒီဝိုင်းကနေ ထသွားလိုက်တော့”

“မသွားပါဘူး ဒီဝိုင်းက ကိုယ်အရင်ရောက်တာလေ ပြီးတော့ တခြား လွတ်နေတဲ့ဝိုင်းတွေ အများကြီး ရှိနေတာဘဲ မဟုတ်လား”

ထိုကောင်မလေးအဖြေကြောင့် သူ့နှုတ်ခမ်းတွေဟာ လှုပ်ယုံမျှပြုံးသွားပြီး ခုံထက်တင်ထားသည့် အအေးပုလင်းအား တစ်ချက်ယူလိုက်တော့ ထိုကောင်မလေးက သူ့ကိုနားမလည်သလို မော့ကြည့်လေ၏။

သူသည်လည်း ထပ်ပြီး အချိန်မဆွဲချင်တော့တာကြောင့် လက်ထဲကပုလင်းအား ‌ခုံးစောင်းထက် ရိုက်ခွဲလိုက်သည်မို့ ကျောင်းဝန်းတစ်ခုလုံး ငြိမ်ကျသွားကာ ထိုကောင်မလေးမှာလည်း သူ့အား ကြောင်လန့်သလို နောက်သို့ဆုတ်သွားလေရဲ့။

-𝗬 𝗔 𝗡 𝗗 𝗘 𝗥 𝗘- [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now