Episode 6 ✓

2.1K 253 64
                                    

Unicode ✅

Episode 6 ✓

ကျောင်းသွားဖို့ ပြင်ဆင်နေတဲ့ ဂျီမင် တစ်ယောက် လက်ကဒဏ်ယာကြောင့် မျက်နှာက သိပ်မသာယာချေ။ ဒါကိုရိပ်မိတဲ့ ယွန်းဂီ မှာလည်း ဂျီမင် မျက်နှာ တကြည့်ကြည့် လုပ်နေပြီး မွေ့ယာထက် ခပ်ငြိမ်ငြိမ် ထိုင်နေလေ၏။

“Ugh!”

လွယ်အိတ်အား ကောက်လွယ်ရန်အလုပ် ပုခုံးကဒဏ်ယာပေါ် မတော်တဆ ထိမိတော့ ဂျီမင် ခင်မျာ နာကျင်မှုကြောင့် သတိလက်လွတ် ညည်းညူမိလေရဲ့။

“ကျစ်! ကိုယ့်ဂျီမင် အခု ကိုယ့် အနားကို လာခဲ့”

ယွန်းဂီ အခေါ်ကြောင့် ဂျီမင် တစ်ယောက် ဆူပုတ်ပုတ် မျက်နှာလေးဖြင့် ယွန်းဂီ ထိုင်နေသည့် မွေ့ယာထက် အသာလေး ဝင်ထိုင်သည်။ ယွန်းဂီ ‌ကတော့ သူ့ဘေးကိုရောက်လာတဲ့ ဂျီမင် ကိုယ်ငယ်လေးအား သူ့နှင့် မျက်နှာချင်းဆိုင်ဖြစ်အောင် လုပ်လိုက်ပြီး ပုခုံးကဒဏ်ယာအား သေချာကြည့်တော့၏။

“ဒဏ်ယာကို ဆေးမထည့်ဘူးလား ကိုယ့်ဂျီမင်”

နေပါဦး။ ဒဏ်ယာရအောင်လုပ်တာ ဘယ်သူလဲ။ သူမဟုတ်ဘူးလား။ ထည့်ပေးမဲ့ထည့်ပေး သူထည့်ပေးရမှာကို။ ဘာတွေလာမေးနေမှန်းမသိဘူး။

“ကိုယ်ထည့်ပေးလို့ရတာ သိပေမဲ့ ကိုယ့်ဂျီမင် အရမ်းဆိုးလို့ တမင်မထည့်ပေးတာ”

“ဒါဆိုလည်း ပြစ်ထားလိုက်ပေါ့ ဖယ်!”

စိတ်ဆိုးသွားဟန် မွေ့ယာပေါ်က ထသွားဖို့လုပ်နေတဲ့ ဂျီမင် ကြောင့် ။

“ဟူး...အခု ငြိမ်ငြိမ်ကလေးထိုင်နေပြီး မျက်လုံးတွေ မှိတ်ထားပေး”

သူပြောတာကို နားမထောင်ဘဲ ပေ‌စောင်းစောင်း ကြည့်လာတဲ့ ကလေးစုတ်ကို သူဘာလုပ်ပြစ်လိုက်ရမလဲ။ အရိုးတွေ ကျိုးကြေတဲ့အထိ ပိတ်နမ်းပြစ်လိုက်ရမလား။

“ကိုယ် စကားကို နှစ်ခါ မပြောဘူး အခုချက်ချင်း မျက်လုံးကိုမှိတ်လိုက် ကိုယ့်ဂျီမင်”

ဒီတစ်ကြိမ်တော့ ဂျီမင် ပေကပ်မနေတော့ဘဲ မျက်လုံးအား မှိတ်ချလိုက်ကာ မွေ့ယာထက် ငြိမ်ငြိမ်ကလေး ထိုင်နေလေသည်။ ဒီတော့မှ ယွန်းဂီ တစ်ယောက် လက်အားဖြန့်ချကာ မျက်ဝန်းတွေအား မှိတ်ချပြီး ခဏတာ အာရုံပြုနေ‌၏။

-𝗬 𝗔 𝗡 𝗗 𝗘 𝗥 𝗘- [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now