Unicode ✅
Episode 14 ✓
ထိုနေ့ညကကိစ္စတွေ ဖြစ်ပြီးကတည်းက ဆိုက်ကိုလ်ကသူ့ကို သိသိသာသာပင် ရှောင်ဖယ်နေခဲ့သည်။ သူ့ဘက်က ထိုညကကိစ္စအတွက် စိတ်ဆိုးတာမျိုး စိတ်နာတာမျိုး မရှိဘဲ ပုံမှန်အတိုင်း ဆက်ဆံနေတာတောင် ဆိုက်ကိုလ် ဘက်ကတော့ သိသိသာသာပင် ပြောင်းလဲလို့နေလေ၏။
မနက်ဘက်တွေ သူ့အတွက် မနက်စာပြင်ဆင်ပေးပြီး ကျောင်းကိုလည်း ကိုယ်တိုင်လိုက်ပို့ပေးသည်။ ညနေကျရင်လည်း ကျောင်းမှာလာကြိုပေးပြီး ကျန်တဲ့အချိန်တွေမှာတော့ သူ့အနားမှာ မနေဘဲ အိပ်ခါနီး အချိန်လောက်မှသာ ပြန်လာလေ့ရှိသည်။
တစ်ခါတစ်လေ ညပြန်မအိပ်တဲ့ရက်တွေတောင် ရှိသေးတာမို့ သူသည် ထိုကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီး ဆိုက်ကိုလ်အား ပွင့်ပွင့်လင်းလင်း မေးခွန်းထုတ်ချင်ပါသော်လည်း ဆိုက်ကိုလ် စိတ်ရှုပ်မှာဆိုးတာကြောင့် ပုံမှန်အတိုင်း နေပေးခဲ့သည်။
သို့သော် တနေ့ထက်တနေ့ အေးစက်လာသည့် သူတို့ဆက်ဆံရေးအား သူအတည် စိတ်ကုန်လို့နေလေပြီ။
ဘာကြောင့်များ ဆိုက်ကိုလ်ဟာ သူ့အားဒီလိုတွေ ရှောင်ဖယ်နေရသလဲ တွေးတောမိတိုင်း သူ့အနားကများ ထွက်သွားဖို့ ပြင်နေသလားဆိုသည့် အတွေးဟာ သူ့အားသေအောင် သတ်နေသလိုပင်။
တစ်ယောက်ထဲ အတွေများနေတုံး ဘယ်တုံးကတည်းက ပြန်ရောက်နေမှန်းမသိတဲ့ ဆိုက်ကိုလ်ဟာ သူ့ဘေးသို့ဝင်ထိုင်လာလေရဲ့။
ထို့နောက် သူအတွေးများနေလို့ အေးစက်သွားပြီဖြစ်တဲ့ ကော်ဖီခွက်အား တစ်ချက်ကြည့်ပြီး လက်ဖြင့်ဝေးယမ်းလိုက်သည်မို့ ကော်ဖီတွေဟာ အငွေ့တထောင်ထောင်ဖြင့် ပြန်လည်းပူနွေးလို့လာလေသည်။
ပြန်လည်ပူနွေးလာပြီဖြစ်သည့် ကော်ဖီအားကြည့်ပြီး သူသည် သောက်ချင်စိတ်မဝင်မိပေ။ ဘေးက ခပ်တည်တည်ထိုင်နေသည့် ဆိုက်ကိုလ်အား လှည့်ကြည့်မိပြန်တော့လည်း ဘာကသူ့ကို စိတ်တိုအောင် လှုံဆော်နေသလဲမသိ။ ဆိုက်ကိုလ်မျက်နှာ ချောချောအား အကြမ်းပတမ်း ထုရိုက်ချင်စိတ်ကတဖွားဖွားပင်။
YOU ARE READING
-𝗬 𝗔 𝗡 𝗗 𝗘 𝗥 𝗘- [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]
Fanfiction𝖳𝗈𝗉-𝖬𝗂𝗇 𝖸𝗈𝗈𝗇𝗀𝗂 𝖡𝗈𝗍𝗍𝗈𝗆-𝖯𝖺𝗋𝗄 𝖩𝗂𝗆𝗂𝗇 𝖯𝗈𝗌𝗌𝖾𝗌𝗌𝗂𝗏𝖾-𝖯𝗌𝗒𝖼𝗁𝗈𝗉𝖺𝗍𝗁-𝖳𝗈𝗑𝗂𝖼 𝖳𝗒𝗉𝖾