Unicode ✅
Episode 2 ✓
မနေ့ကကိစ္စဖြစ်ပြီးကတည်းက ထယ်ယောင်းက သူ့အပေါ် စိတ်ခုသွားပုံပင်။ စကားလည်း သိပ်မပြောတော့သလို အတန်းထဲရောက်တော့လည်း မျက်နှာတည်ကြီးဖြင့် ကပ်ထိုင်နေပြီး သူလုပ်စရာရှိတာ လုပ်နေသည်။
ဒီတော့လည်း ဘာအရေးလဲ။ သူလည်း သူ့ဘာသာ နေလိုက်ရုံဘဲပေါ့။ ဒါကိုမှ အထွန့်တက်ပြီး မခေါ်နိုင်မပြောနိုင် လာလုပ်ရင်တော့ ငယ်သူငယ်ချင်း သံယောဇဉ်လည်း ထောက်မှာမဟုတ်ဘူး။ စွန့်ပြစ်လိုက်ရုံဘဲ။
ပတ်ခ်ဂျီမင် ဘဝမှာ မက်မောတွယ်တာစရာ ဘာဆိုဘာမှမရှိဘူး။ အချစ်ဆုံးက ကိုယ့်ကိုယ့်ကိုဘဲ။ ကိုယ့်ကိုယ်ကိုဘဲချစ်လို့။ ကိုယ့်အတွက်ဘဲကိုယ်ကြည့်နိုင်မယ်။ တစ်ပါးသူရဲ့ စိတ်တွေကို လိုက်ဖတ်ဖို့ အချိန်လည်းမအားသလို။ တစ်ပါးသူအတွက် ငဲ့တွေးပေးဖို့ ဝါသနာလည်းမပါဘူး။
ကိုယ့်အနားရောက်လာရင်တော့ အတက်နိုင်ဆုံး အကောင်းဆုံး ဆက်ဆံပေးမှာဘဲ။ နောက်တစ်ချက်။ လူဆိုတာ အမြဲတမ်း ကောင်းမပြနိုင်ဘူး။ ပြီးတော့ လူတွေရဲ့ အကျင့်ကဘာလဲသိလား။ ဘယ်နှခါဘဲကောင်းပေးနေပါစေဦး။ တစ်ခါလောက် မကောင်းပေးမိတာနဲ့ ကောင်းပေးခဲ့သမျှ ကိစ္စရပ်တိုင်း အကုန်မြောင်းထဲရောက်ကုန်သလိုဘဲ။
အဲ့ဒါလူတဲ့။
“ဂျီမင်! မင်းတအားလွန်တာဘဲ”
ရုတ်တရက်ကြီး သူ့ဘက်လှည့်လာကာ အစမရှိအဆုံးမရှိတဲ့ စကားကိုဆိုလာတဲ့ ထယ်ယောင်းကိုကြည့်ပြီး သူနားမလည်နိုင်။
“မင်းတကယ် တစ်ဖတ်သားစိတ်ကို မဖတ်တက်ဘူးလား တခြားသူရဲ့ စိတ်ကိုမဖတ်နိုင်ရင်တောင် ငါ့စိတ်ကိုတော့ မင်းဖတ်တက်သင့်တယ်ကွာ”
ဆိုတော့။ သူစိတ်ဆိုးနေတာကို ကိုယ်ကမချော့လို့ ငတိကလာရစ်နေတာဘဲ။ ကင်မ်ထယ်ယောင်းတို့များ သူ့တစ်ယောက်ထဲစိတ်ကောက်။ သူတစ်ယောက်ထဲ အချော့ခံချင်။ သူတစ်ယောက်ထဲကို တိုင်းပြည်ပျက်နေတော့တာ။ တကယ့်ငစား။
“ငါမချော့တက်ဘူး”
“ငါကတခြားသူလား ငါကမင်းအချစ်ဆုံး သူငယ်ချင်းလေ မင်းပြောတော့ ငါ့ကိုညီလေးအရင်းလို ချစ်တယ်ဆို!”
YOU ARE READING
-𝗬 𝗔 𝗡 𝗗 𝗘 𝗥 𝗘- [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]
Fanfiction𝖳𝗈𝗉-𝖬𝗂𝗇 𝖸𝗈𝗈𝗇𝗀𝗂 𝖡𝗈𝗍𝗍𝗈𝗆-𝖯𝖺𝗋𝗄 𝖩𝗂𝗆𝗂𝗇 𝖯𝗈𝗌𝗌𝖾𝗌𝗌𝗂𝗏𝖾-𝖯𝗌𝗒𝖼𝗁𝗈𝗉𝖺𝗍𝗁-𝖳𝗈𝗑𝗂𝖼 𝖳𝗒𝗉𝖾