Ep.3❤

372 25 4
                                    

Unicode.

''အာ့...ကျွတ်..ကျွတ်...ဟူး ဘယ်အချိန်တောင်ရှ်ိပြီလဲ မသိဘူး..."
ရန်ရန် သူဒီအခန်းထဲမှာ heat တက်ကာ နာကျင်ခံစားမှုတွေကြောင့် သတိလစ်ရာသွားခဲ့သည်။

အပြင်မထွက်သေးဘဲ ကိုယ်လုံးတီးနဲ့ပင် ရေချိုးခန်းထဲဝင်ကာ ေရပန်းအောက်ထဲ ဝင်လိုက်တော့သည်။

ထို့နောက်...

ဖုန်းနဲ့ အစားအသောက်တွေ လှမ်းမှာလိုက်သည်။

''ဒေါက်....ဒေါက်..."

''လူကြီးမင်းမှာထားတဲ့အစားအစာတွေပါ..."

သူ အခန်းအပြင်ထွက်ကာ daliပို့တဲ့ beta ကောင်လေးက သူ့ကိုမြင်တော့ နည်းနည်းလန့်သွားတဲ့ပုံပဲ....

လန့်လဲလန့်ချင်စရာပါပဲ...သူကheat ရဲ့ဖြစ်စဥ်ကြောင့် နာကျင်ရာကနေ သုံးရက်လောက် သတိမေနေခဲ့တာဆိုတော့...

သုံးရက် ထမင်းမစား ရေမသောက်ရတော့ သူ့ကိုယ်က နည်းနည်းပိန်ကျသွားကာ
နှုတ်ခမ်းတွေဆို ဖြူဖျော့နေပြီး...လူမမာရုပ်ပေါက်နေတာကိုး။

သူသတိလစ်နေတဲ့ သုံးရက်မှာ သူရဲ့ Omega pheromone တွေကတော့ အနံ့ ဖျော့ဖျော့ စိမ့်ထွက်နေတယိ။

ရန်ရန် မှန်ထဲက သူပုံစံကြောင့် နည်းနည်းစိတ်ညစ်သွားတယိ

ဒီပုံတိုင်းသာအပြင်သွားရင် လူတွေကတော့သူ့ကို ကမ္ဘာပျက်ကပ်က Omega ဇွန်ဘီလို့တောင် ထင်သွားနိုင်တာကို တွေးမိသွားတယ်။

လျှို့ဝှက်ခန်းထဲက သူ့အဖေချန်ခဲ့တဲ့ ဘဏ်ကဒ်နဲ့ သူ့ရဲ့တိုက်ခန်းထဲကနေ ထွက်လာကာ
မရင်းနှီးသေးတဲ့ ဒီကမ္ဘာကြီးကိုလေ့လာဖို့အတွက် သူတစ်ယောက်တည်း ခရီးစတင်ထွက်တော့တယ်။

ဒီကိုယ်ရဲ့ မိသားစုအကြောင်းကိုတော့ သူမေ့ထားလိုက်တယ်။ သူနဲ့မှ မပတ်သက်တာ။

အရေးကြီးတဲ့ ထိန်းချုပ်ဆေး တားဆေး တွေကို အကျီ်ရဲ့အတွင်းအိတ်ထဲဆောင်ကာ...အဓိကကတော့ မတော်တဆမဖြစ်ရေး
ကိုယ်ဝန်မရစေရေးပဲ ဖြစ်တယ်။

သူဗိုက်ကြီးပြီး ကလေးမွေးနေတဲ့ မြင်ကွင်းကို မြင်ယောင်ကြည့်ပြီး သူခမျာ ဖင်ကျိန်းလာသလိုတောင် ခံစားရလာတယ်။

I wanna be your slave❤(ongoing)Where stories live. Discover now