Ep12♥Unicode

171 20 2
                                    


''ဆရာ...ကျွန်တော့်ကလေး အခြေနေ"

''ကိုယ်ဝန်က သုံးလပဲရှိသေးလို့ သိပ်စိုးရိမ်စရာမရှိပါဘူး အခုကစပြီးကိုယ်ဝန်အားဆေးတွေ ပုံမှန်သောက်ပေးရင် ဘာမှမဖြစ်ပါဘူး"

ရန်ရှင်းရယ် သူ့ဗိုက်လေးကို ဖွဖွကိုင်ကာ
တွေတွေလေး စဥ်းစားနေသည်။ ချူးရန်ကလည်း သူ့အပြစ်မကင်းတာမို့ စိတ်မကောင်းဖြစ်မိသည်။

ကျောင်းမင် ချူးရန်တို့စုံတွဲကိုကြည့်ကာ အားကျမိသည်။

''ချူးရန် ကျွန်တော် ကျောင်းမတက်ရတော့ဘူးပေါ့နော်....ဆရာ ကိုယ်ဝန်နဲ့ကျောင်းတက်လို့ရပါ့မလား နောက်အပတ်ဆို ကျောင်းတက်ရတော့မှာ....'' သူ့စိတ်ထဲမှာ ကျောင်းမတက်ရလေ ကောင်းလေပဲ ဟုတွေးနေသည်။

ချူးရန်က ကိုယ်ဝန်ကြောင့် ကျောင်းမတက်ရတော့လို့ သူ့ကလေးလေး စိတ်မကောင်းဖြစ်သွားတယ် ထင်ပြီး

''ကလေး..ကျောင်းတက်ချင် တက်လို့ရပါတယ်....လရင့်လာရင်တော့ စာမေးပွဲဖြေမှ ကျောင်းသွားလည်း ရတာပဲ...."

''.....'' သူကမတက်ချင်ဘူးလေ

''ဒါက ကျွန်တော့ ဖုန်းနံပါတ်ပါ တစ်ခုခုဆို ကျွန်တော့ကို ဖုန်းဆက်လိုက်လေ...ကျောင်းကတော့ တက်လို့ရပါတယ်"

''.....'' မထူးတော့ဘူးဆိုကာ ဆရာကျောင်းမင်ဖုန်းနံပါတ်ယူပြီး ဆေးရုံကနေ ဝမ်အိမ်တော်ကို ပြန်လာကြသည်။

ဝမ်အိမ်တော်ပြန်ရောက်တော့ အဖိုးက တက်ကြွနေကာ သူ့မြစ်ကလေး ကျန်းမာရေးကောင်းလား ဆရာဝန်က ဘာပြောသေးလဲ စသဖြင့် မေးတော့တယ်။

ရန်ရှင်းရယ် ရဲ့နှလုံးသားထဲက နွေးထွေးမှုကို ခံစားလိုက်ရသည်။ ဒီကမ္ဘာက သူ့ရဲ့အဖေနဲ့အမေနဲ့ အစ်ကိုက သူ့ကို ဂရုမစိုက် မချစ်ကြပေမဲ့ အဖိုးကတော့ သူဝမ်အိမ်ကိုစရောက်တည်းက တော်တော်လေးခင်တွယ်ကာ ချစ်ပေးခဲ့သည်။

သူကချူးရန်လက်ထဲကနေ သူ့လက်ကိုဆွဲထုတ်သွားကာ အဖိုးနားသွာထိုင်ပြီး ဖက်လိုက်သည်။

''ကလေးက ၅လလောက်မှ ဘာလေးလဲဆိုတာ သိရမှာ....ပြီးတော့ ကလေးက အရမ်းကျန်းမာတယ် အဖိုးစိတ်မပူနဲ့တော့နော်...."

I wanna be your slave❤(ongoing)Where stories live. Discover now