Ep.8 ♥Zawgyi.

85 7 0
                                    


ဝမ်အိမ်တော်ရဲ့ ပထမ အိမ်တော်၌...

ဝမ်သခင်ကြီးနဲ့ ချူးရန်ရဲ့အမေ ဝမ်ပေါင်က လိန်စူးကို ဝမ်ကော်ပိုရေးရှင်းရဲ့ အရေးကြီးတဲ့ ပရောဂျက်တွေကို သေချာကိုင်တွယ်ပေးဖို့မှာနေကြသည်။

ဝမ်သခင်ကြီး ဝမ်ဖုပေါ်  က ချူးရန်ရဲ့အဖိုးဖြစ်ကာ...ချူးရန်အပေါ်လည်း အရမ်းကောင်းတဲ့သူဖြစ်သည်။

ဝမ်ဖုပေါ်မှာ သမီးနှစ်ယောက်နဲ့ သားတစ်ယောက်ရှိကာ ချူးရန်အမေက Omegaသမီးအကြီးဆုံးဖြစ်ပြီး ဝမ်ဖုအန်းက ဝမ်ဟုန်ရဲ့အမေဖြစ်ကာ သူမက Omegaဖြစ်ပြီး
ချူးရန်ရဲ့အငယ်ဆုံး ဦးလေးက Alpha ဖြစ်ကာ ဝမ်ရိပေါ်ပဲ ဖြစ်သည်။

ဦးလေးဝမ်ရိပေါ်က ချူးရန်နဲ့ အသက်သိပ်မကွာပေ။ သူ့အဖိုးအသက်ကြီးလာမှ ရတဲ့ကလေးဖြစ်ကာ...အဖိုးရဲ့အငယ်အနှောင်းနဲ့ ရတဲ့ကလေးဆိုပြီး ဝမ်ဖုအန်းက အမြဲနှိမ့်ချပြောဆိုတက်သေးသည်။

ဝမ်ရိပေါ်နဲ့ ချူးရန်နဲ့ဆက်ဆံရေးက အရမ်းပဲကောင်းသည်။ ချူးရန်ကို ရိပေါ်က ချစ်သလောက် ဝန်ဟုန်ကိုတော့ ခပ်တန်းတန်းဆက်ဆံကာ...နေသည်။ ဒါကြောင့်လည်း....ဝမ်ဟုန်က ချူးရန်ကို အမြဲ မနာလိုမုန်းတီးပီး အမြဲအတိုက်အခံလုပ်သည်။

ဝမ်သခင်ကြီး ဝမ်ဖုပေါ်ကလည်း Omega သမီးနှစ်ယောက်ပဲ ရှိတာမို့ ရိပေါ်ကို အိမ်ခေါ်တင်လာခဲ့ပြီး ဝမ်ကော်ပိုရေးရှင်းရဲ့ဆက်ခံသူအဖြစ်သင်ကြားပေးခဲ့သည်။

နောက်တော့ ရိပေါ်က ကျိုးမင်းဆက်ရဲ့ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ ယခု တော်ဝင်မျိုးနွယ်ရဲ့ အင်ပါယာမင်းသား ရှောင်ကျန့် နဲ့ ဖူးစာပါပြီး ညားသွားသည်။ အဲ့နောက် ဝမ်ကော်ပိုရေးရှင်းရဲ့ ဆက်ခံသူ မလုပ်တော့ပဲ
ကိုယ်ပိုင် ကော်ပိုရေးရှင်းထောင်ကာ ဝမ်အိမ်တော် ကနေ ခွဲထွက်သွားသည်။

ချူးရန်တို့ စစပျောက်နေတဲ့အချိန်က ဆန်းသခင်လေးနဲ့ ဖုလင်းတို့က သမုဒ္ဒရာ ထဲ သဘော်တွေနဲ့ ရှာခဲ့ကြပေမဲ့ မတွေ့သေးပေ။ နောက်တော့ ဝမ်သခင်ကြီးက သိသွားကာ ရှိသမျှအင်အားသုံးပြီး ရှာကြသည်။

တစ်လပြည်တဲ့အထိ ရှာမတွေ့သေးတော့ ဝမ်သခင်ကြီးလည်း နောက်ဆုံးဖဲကဒ်ကို အသုံးပြုဖို့လုပ်တော့သည်။ ဘာပဲပေးဆပ်ရတန်ဖိုး ဘယ်လောက်ပဲ ပေးရပါစေ...ချူးရန်ကို ပြန်ရှာတွေ့ဖို့ပင်။ အဲ့နောက်ဆုံး ဖဲချပ်က
ရှောင်ကျန့်ပဲ ဖြစ်သည်။

I wanna be your slave❤(ongoing)Where stories live. Discover now