Part 10(Unicode)

61 3 0
                                    

Age and Love💕
Part 10

မိုးဦးကာလသို့အရောက် ပိတ်ထားသော တက္ကသိုလ်ကျောင်းများလည်း ဒုတိယနှစ်ဝက် ပြန်ဖွင့်နေလေပြီ...

'ဟျောင့်တွေ..မင်းတို့သိပြီးပြီလား..
ငါတို့ပထမနှစ်ဝက်တုန်းက အပေါက်ဆိုးတဲ့P1
ဆရာနဲ့...တခြားဆရာနှစ်ယောက် နယ်ပြောင်းသွားပြီတဲ့..´

'ဟေးးဟုတ်လား..´

ရိပေါ်တို့ အဖွဲ့ကန်းတင်းထိုင်နေတုန်း... အခန်းထဲက ရိပေါ်တို့ဘော်ဒါ စ၃လုံးကောင်ရောက်လာပြီး သတင်းဖြန့်ဝေရေးအလုပ် လာလုပ်နေခြင်းပေ..

'ဒါတင် ဘယ်ကမလဲ..နောက်ထပ်
ဆရာမနှစ်ယောက် အသစ်ရောက်လာသေးတယ်..
ဟျောင့်ရေ..အဲ့ထဲက ဆရာမတစ်ယောက်က
ငယ်ငယ်ချောချောလေးဟ..´

'မင်းဟာက ဟုတ်ရော ဟုတ်လို့လား..´
ဟုဟောက်ကြီးက မေးလိုက်တော့..

'ဟုတ်တာမှ..ဟုတ်ဟုတ်..ဟုတ်ဟုတ်..နဲ့...
ငါကိုယ်တိုင်မြင်ခဲ့တာ..ရုပ်လေးကလည်စ လှ..
အသံလေးကလည်း ချိုနေတာဘဲ...ငါတို့အခန်း
ဝင်ရင် ကောင်းမယ်နော်....´

'သွားတော့မယ် သားကြီးတို့ရာ.. အချိန်ရှိတုန်းလေး..သတင်းဆက်ဖြန့်ဝေလိုက်ဦးမယ်ကွာ´ဆိုပြီး ရိပေါ်စားလက်စ ဟန်ဘာကာကြီးကို ယူကာ ပါးစပ်ထဲအတင်းသွင်းပြီး
ပြေးသွားလေရဲ့..

..
..

'အားလုံးဘဲ..attention...Please..´ဟူသော
မတိုးမကျယ် စကားသံအောက်မှာ စကားသံတို့ဖြင့် ဆူညံနေသော ပထမနှစ် အတန်းတစ်တန်းလုံး..အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်သွားလေသည်..

'တီချယ့် နာမည်က ချယ်ရီမေ...ပါ..
တီချယ်က မင်းတိုာအတန်းကို Poetry သင်ပေးမယ့် ဆရာမပါ...´

_

_
'ဒီတစ်ခါတော့ စ ၃သုံးပြောတာ မှန်သွားပြီကွ..
poetry သင်မယ့် ဆရာမအသစ်က ချောလိုက်တာနော်..´

'ငါလဲ ဟောက်ကြီး စကားထောက်ခံတယ်..
ဆရာမကိုကြည့် ရတာ အေးချမ်းလိုက်တာနော်...´

ဟောက်ရွှမ်းနဲ့ ကျင်းလင်ပြောလည်း ပြောချင်စရာပင်..အသစ်ရောက်လာတဲ့ ဆရာမ
က အသားဖြူဖြူ..အရပ်က ပုံမှန်မိန်းခလေးအရပ်ဖြင့်..ပိန်ပါးသည့် ကိုယ်ခန္ဓာနှင့် လိုက်ဖက်အောင် ရိုးရိုးရှင်းရှင်း မြန်မာဝတ်စုံချည်ဝမ်းဆက်ဖြင့် ...အသက်အရွယ်ကလည်း ကိုကိုနဲ့ရွယ်တူလောက်ပင်...ထူးဆန်းတာတခုက
ဆရာမကို ခုမှစတွေ့ဖူးပေမယ့် ရိပေါ်စိတ်ထဲ
အရင်ကတစ်နေရာရာမှာ မြင်ဖူးနေသလိုပင်...

Age and Love 💕Where stories live. Discover now