Part 13(Unicode)

56 2 0
                                    

Age and Love💕
Part 13

'ဟင့်အင်း..ကိုကို့ ကို ကျတော်ခွင့်မလွှတ်ဖူး..´

'ရိ..ရိပေါ်..´
အဖြစ်မှန်ကို ရှင်းပြလိုက်ရင် ဒီခလေး စိတ်ဆိုးပြေသွားလိမ့်မယ် ထင်ထားခဲ့တာ..
ခုတော့ ခွင့်မလွှတ်နိုင်ဖူးတဲ့လေ..
မဟုတ်မှလွဲရော...ရိပေါ်...သူ့ကိုများ မချစ်တော့တာများလား...

'ကျတော်..ကိုကို့ ကို ခွင့်မလွှတ်ပေးနိုင်ဖူး..
ပြီးတော့ ကိုကိုလည်း ကျတော့ကို တောင်းပန်စရာ မလိုတော့ဖူး..´

သေချာနေပါပြီ..ဝမ်ရိပေါ်ဆိုတဲ့ ခလေး ..ရှောင်းကျန့်ကို လမ်းခွဲစကားပြောတော့မယ်ဆိုတာ..
ဘယ်လို လုပ်ရပါ့မလဲ.. သူပျော်အောင် သဘောတူပေးလိုက်ရမလား..ဒါမှမဟုတ်..

'ဘာလို့ဆို..ရိပေါ်..ကိုကို့ကို အစထဲက စိတ်မဆိုးတဲ့အတွက် ကိုကို..ကျတော့ကိုတောင်းပန်စရာလဲ မလိုသလို..ကိုကို့အမှားမရှိတဲ့အတွက်
ကျတော်ကလည်း ခွင့်လွှတ်ပေးစရာ မလိုဖူးလေ.
ကျတော်က ဒီတိုင်း ဝမ်နည်းသွားတာပါ...
ပြီးတော့လေ..ကျတော်တအားကြောက်နေခဲ့တာ..ကိုကိုသာ ဆရာမကို ချစ်နေသေးလို့ ကျတော့ကိုလမ်းခွဲပြီးကိုကိုတို့ ပြန်တွဲကြရင်..ဆိုတဲ့ အတွေးက ကျတော့်ကို တအားနှိပ်စက်နေခဲ့တာဗျ...´

'ရိပေါ်ရယ်...´ဒီခလေးနဲ့.. ဘယ်လောက်တောင်တယောက်ထဲ ကြိတ်ခံစားခဲ့ရပါလိမ့်..ကိုကို့အပစ်တွေပါကွာ...

'အကယ်၍ ကိုကို့ဘက်ကများ လမ်းခွဲဖို့ပြောလာရင်...
လက်ခံပေးနိုင်အောင် စိတ်ကိုအသင့်ပြင်တဲ့အနေနဲ့ ကိုကိုနဲ့ မတွေ့မိအောင် နေခဲ့ပေမယ့်လည်းလေ
ကျတော် ကိုကိ့ု ကိုတအားလွမ်းနေခဲ့တာ..´

'ကိုယ့်ခလေးလေးရယ်...ကိုကိုတောင်းပန်ပါတယ်နော်...လာပါဦး ..ကိုယ့်ရင်ခွင်ထဲ..´လက်နှစ်ဖက်ကို ဆန်တန်းကာ ကြိုဆိုနေသော ရင်ခွင်ကျယ်ကြီး..
ရိပေါ်လည်းအကြာကြီး လွမ်းနေခဲ့ သော ထိုရင်ခွင်ကြီး ထဲသို့ နှစ်ခါမစဉ်းစားဘဲ ပစ်ဝင်ပလိုက်သည်..

'ကဲ..အဆိုးလေး..ကိုယ်တို့အိမ်ပြန်ရအောင်..
မေမေမြလည်း စိတ်ပူနေလောက်ရောပေါ့..´
ဟု ရှောင်းကျန့်ပြောလိုက်တော့ အိပ်ငိုက်နေရင်းကနေ 'ဟုတ်´ဟုဆိုလာလေသည်..

Age and Love 💕Where stories live. Discover now