Part 15(Unicode)

67 4 0
                                    

Age and Love💕
Part 15

'ဟောက်ရွမ်း..နေပါဦးကွာ..
ခနစောင့်ဦးလို့..ငါမောလာပြီကွ..´

ကျိရန် ပြေးလိုက်နေတာတာတောင်
အရှိန်မလျော့ပေးဘဲ ဘုန်းကြီးကျောင်းဝန်းတစ်ပတ် လျှောက်ပတ်နေသော ဟောက်ရွမ်း..

'ခဗျားကို ဘယ်သူက နောက်က လိုက်ခိုင်းနေလို့လဲ..မောရင်လည်း ပြန်လေ..´
လို့ ဟောက်ရွှမ်းငေါက်လိုက်တော့ အရင်ကကိုယ့်ကို ချေမိုးနေခဲ့တာ သူမဟုတ်တဲ့
အတိုင်း မျက်နှာငယ်လေးဖြင့် မော့ကြည့်လာကာ
နှုတ်ခမ်းကိုလည်း ရှေ့တစ်လက်မလောက် ထော်ထားသေးတယ်..

'ငါ့ကို မလိုက်ခိုင်းပေမယ့်လည်း ငါက မင်းနဲ့စကားပြောချင်တာကိုး..အဲ့တော့ နောက်က လိုက်ရတာပေါ့လို့..´
ခလေးတွေ ရန်တွေ့တဲ့အထာနဲ့ ပြောနေသော ဒီစီနီယာ ဘဲကြီးကိုဟောက်ရွှမ်း အသဲယားမိပေမယ့် မကျေနပ်နိုင်သေးပါ...
ဘယ့်နှယ့် ကိုယ့်မှာတော့Uniစတက်တဲ့နေ့ထဲက သူ့ကို မြင်မြင်ချင်းချစ်မိသွားလို့ နောက်ကတစ်ကောက်ကောက် လိုက်ပိုးခဲ့တာကို လူကိုမတူသလို မတန်သလိုနဲ့ချေတာဆိုတာ..
နောက်ဆုံးမနေနိုင်တဲ့အဆုံး မရှိမဲ့ရှိမယ့် သိက္ခာလေးနဲ့ ဖွင့်ပြောခဲ့တာကို ဘဲကြီးက
ခါးခါးသီးသီးတွေ ငြင်းပြီး ပလစ်ခဲ့တာလေ..

ပြီးတော့ ပြောလိုက်သေးတယ်..'ငါမင်းကို ခု မချစ်ပေမယ့် မုန်းလည်းမုန်းမနေဖူး...
နောက်လည်း မမုန်းရအောင် မင်းငါ့မျက်စိရှေ့ထပ်မပေါ်လာပါနဲ့တဲ့လေ..´
ချစ်ရသူဆီက အမုန်းတော့ မလိုချင်တာမို့ကိုယ့်စိတ်ကို ထိန်းကမတွေ့မိအောင် ကြိုးစားခဲ့ရတာ..သူ့ကိုတွေ့ချင်စိတ်ပျောက်အောင်
အားတဲ့ချိန်တိုင်း အတန်းထဲကကောင်တွေနဲ့ ဂိမ်းပတ်ဆော့နေတာ..
ရလဒ်အနေနဲ့ ဟောက်ရွှမ်းတောင် ဂိမ်းစွဲသွားခဲ့လေပြီ...

'ကိုယ်တောင်းပန်ပါတယ်နော်..ဟောက်ရွှမ်း..´

'ဘာတွက်လည်း...´

'ကိုယ်မင်းဖွင့်ပြောတဲ့နေ့က ပြောလိုက်မိတာတွေအတွက်...´

'မလိုဖူး...´ဟုဆိုကာ အပြေးတစ်ပိုင်းပြေးထွက်သွားသော ကောင်လေးနောက်ကို ကျိရန်ဆက်မလိုက်ဘဲ
ရပ်ကြည့်နေမိသည်..

Age and Love 💕Where stories live. Discover now