Ep-4(Zawgyi)

2.6K 79 1
                                    





အရိပ်အာဝါသကောင်းသော နှစ်ချို့အပင်ကြီးများအောက်တွင် လူငယ်လူရွယ်များ စုရုံးရောက်ရှိနေကြသည်။တစ်နှစ်တစ်ခါ ပဒေသာပင်များနှင့် ကျင်းပသည့် ကထိန်ပွဲရက်။လှူဖွယ်ပစ္စည်းများကို တစ်ရွာလုံးက စုပေါင်းစပ်ပေါင်း ပါဝင်ကြပြီး ဘုန်းကြီးကျောင်းကိုမပို့ခင် ရွာထဲ အရင်လှည့်မည်ဖြစ်သည်။ထို့ကြောင့် ရွာမြောက်ပိုင်းက အရိပ်ကောင်းသော မန်းကျဉ်းပင်ကြီးများအောက်တွင် စတင်ထွက်ခွာရန် ပြင်ဆင်ကြသည်။

လူငယ်ထဲတွင် သဝဏ်ကူလုပ်ပေးနေရင်း ခပ်လှမ်းလှမ်းမှ လျှောက်လာနေသော သူ့ကိုလှမ်းကြည့်မိသည်။ မနေ့က အစမ်းလေ့ကျင့်ထားတုန်းက ပုံစံအတိုင်း ဝတ်ဆင်ထားတာဖြစ်ပြီး မေးရိုးထင်းသော သူ့မျက်နှာတွင် သနပ်ခါးပိုလာတာဖြစ်သည်။ ဇိုင်းက သနပ်ခါးလိမ်းနေကျလူမဟုတ်တာကြောင့် အမြင်ဆန်းနေ၏။ခြေလှမ်းကြဲကြဲလှမ်းလာနေသော လူပျိုပေါက် ကောင်လေးက သဝဏ်ရဲ့မျက်လုံးထဲမှာ ခပ်ကြွကြွ။

သဝဏ် ဘက်ကို လှမ်းကြည့်ပြီး လက်ပြကာ အကအဖွဲ့နေရာကိုသာ ဦးတည်သွားသည်။တွဲကမယ့် ဟန်ပန်ကို ထပ်ပြီး မကြည့်နိုင်တာကြောင့် ကျောပေးထားလိုက်၏။ ထိုအချိန် ဆူဆူညံ့ညံ့အသံတချို့က  အက အဖွဲ့နေရာကနေ ထွက်လာသည်။

သဝဏ်ပြန်လှည့်ကြည့်လိုက်တော့ စီစဉ်ပေးတဲ့ ဆရာမနဲ့ မေသဇင်ရဲ့အမေ စကားပြောနေကြသလို ဇိုင်းတို့လည်း မျက်နှာမကောင်း။နောက်ပြီး အဓိကလူဖြစ်တဲ့ မေသဇင်ကို မတွေ့ရပေ။ လှမ်းကြည့်နေရင်းမှာပဲ ဇိုင်းက သူ့ဆီကို ပြေးလာတာကြောင့် ကြောင်ရပ်ကြည့်နေမိသည်။ထို့နောက် တစ်ခုခုကို စိတ်လောနေသည့်ဟန်ဖြင့်

"အစ်ကို ယွန်းသော်တာရော "

"ယွန်းက အိမ်မှာပဲရှိသေးတယ် "

"ဒါဆို အိမ်လိုက်သွားရမယ် ထင်တယ်  "

"ဘာဖြစ်လို့လဲ"

"မေသဇင်လေဗျာ  ဟိုဘက်ရွာက ကောင်လေးနဲ့ လိုက်ပြေးသွားလို့တဲ့"

"အယ် "

" သူက ဒီရက်စောင့်နေတာ မသာမလေး  ငါ့ကို အကတိုက်ဖို့ကျဇွတ်ခေါ်ပြီးတော့ "

ပျိုးရန် ရှိသည့် ပန်းတစ်ပွင့်Where stories live. Discover now