"အကို မလုပ်နဲ့နော်"
တဲအိမ်ရဲ့အရှေ့ဘက်ကနေ အနောက်ဘက်၊ထို့နောက် တစ်ဖန် တစ်ပတ်ပြည့်အောင် လှည့်ရင်း မိုးသောက်ပြေးနေသည်။သူ့အနောက်တွင် ခြေလှမ်းသုံးလှမ်းစာလောက်အကွာမှ သဝဏ်လိုက်လာနေ၏။
"မင်း ပြေးလို့ လွတ်မှာလား"
"ဟာဗျာ"
ခန္ဓာကိုယ်မှာ တစ်ထည်တည်းရှိတဲ့ပုဆိုးကို ပခုံးထိဆွဲခြုံရင်း မိုးသောက်အတင်းအကန်ငြင်းနေဆဲ။သဝဏ်လက်ထဲမှာရှိနေတဲ့ အရာကို ကြောက်စရာသတ္တဝါတစ်ကောင်လိုကြည့်ရင်း နည်းနည်းလေးမှ အရှိန်မလျော့ပေ။
အကြောင်းမှာ နှင်းတဖွဲဖွဲကျနေသော ပြာသိုလကြီးထဲ ရေချိုးခိုင်းတာလောက် ကြောက်စရာကောင်းတဲ့အရာမရှိ။ပုံမှန်ဆို အကိုသဝဏ်က ဒီလိုကိစ္စတွေလိုက်ပြောတတ်တဲ့သူတော့မဟုတ်။အရင်ရက်တွေက အေးလို့ ရေမချိုးဘဲ ပန်းရောင်းပြီးအပြန်ချောင်းထဲကဝင်ချိုးခဲ့ပါသည်ဟု လိမ်ပြောထားတာ။ကြာတော့ အပူကန်ကာသွားဖုံးတွေကြွပီး ဒီမနက်က သူကြော်ထားပေးတဲ့ ထမင်းကြော်ကိုမစားနိုင်တာကနေ စတာပဲ။မချိုးဘူး ငြင်းတော့ ရေခွက်ကြီးကိုင်ပြီးလိုက်လောင်းနေတာကြောင့် အခုပတ်ပြေးနေရခြင်းပင်။
မိုးသောက်တို့က ရေလှိုင်းအိမ်မှာကြည့်ဖူးတဲ့ကုလားကားထဲကလို လူအယောက်တစ်ရာနဲ့ ယှဉ်သတ်ချင် သတ်လိုက်မယ် ရေတော့ လုံးဝမချိုးဘူးကွ၊ မချိုးဘူး။
"......."
ရုတ်တရက် တွေးမိသွားတဲ့ နာမည်ကိုစိတ်ထဲမှာ ထပ်မံရေရွတ်ရင်း မိုးသောက် ငြိမ်ကျသွားသည်။ပြေးနေတဲ့သူ့ခြေလှမ်းတွေရဲ့ အရှိန်ကို သတိမထားမိတော့ပေ။ထိုအခါ အနောက်က လိုက်လာနေတဲ့ သဝဏ်က အခွင့်ကိုချောင်းနေသော မြေခွေးပေါက်လေးသဖွယ်ပြုံးလျက် အမိအရဖမ်းယူသည်။လက်ထဲမှာကိုင်ထားတဲ့ ရေဖလားကို အားနဲ့ ဝှေ့ယမ်းပတ်လိုက်ချိန်မှ မိုးသောက် ကျောကော့သွားပြီး
"အား!!! မချိုးပါဘူးဆို"
"အဲ့လိုနေလို့ရမလား ခန္ဓာကိုယ်မှာရှိသမျှ အမွှေးအကုန် သန်းတွယ်ကုန်မယ်"
YOU ARE READING
ပျိုးရန် ရှိသည့် ပန်းတစ်ပွင့်