Unicode.
"သားငယ် တံခါးဖွင့်စမ်း! "
ရုတ်တရက် ရှောင်းကျန့်က အသံကြားလိုက်သည်။ထိုအသံသည် အခန်းအပြင်ကဟုလည်း တစ်ဆက်တည်းသိလိုက်သည်။ရှောင်းကျန့်က မသိနားမလည်စွာဖြင့် ကုတင်ပေါ်မှာ ထိုင်နေမိသည်။မကြာပါ။သော့အပိုဖြင့် အခန်းတံခါးကို ဖွင့်ဝင်လာကြသည်။
"သားငယ် မင်းလုပ်ပုံကောင်းသေးရဲ့လားကွာ။ကိုယ်လက်ထပ်မဲ့ ကောင်မလေးရဲ့တူကို ကိုယ့်တူလိုပဲ သဘောထားပေးရမှာပေါ့။ဒါပေမဲ့ မင်းကတော့ ကလေးနဲ့အပြိုင် ရန်ဖြစ်နေတယ်။"
"ဟုတ်တယ် သားငယ်။ကိုယ်နဲ့အသက်သိပ်မကွာဘူးဆိုပေမဲ့ မကြာခင် သားငယ်က သူ့အဒေါ်ကို လက်ထပ်တော့မှာလေ။အရာရာကို ပြေပြေလည်လည်ညှိနှိုင်းကြပါကွယ်။"
ရှောင်းကျန့်က သူ့အရှေ့ရှိ လူနှစ်ယောက်စကားကို အခုထိ နားမလည်နိုင်သေး။ဒီလူတွေက ဘယ်သူတွေလဲဟု စဥ်းစားနေမိသည်။
ရုတ်တရက် သူ့ရှေ့တွင် ကွန်ပျူတာဖန်သားပြင်တစ်ခု ပေါ်လာသည်။
'ကူးပြောင်းခြင်းစနစ် စတင်ပါပြီ။
ကမ္ဘာထဲသို့ ဝင်ရောက်ခြင်း အောင်မြင်ပါတယ်။
ပတ်ဝန်းကျင်စစ်ဆေးမှု - ပုံမှန်။
အကြောင်းအရာ - တူနတ်ဆိုးလေး ပိုင်ဆိုင်ထားတယ်။
ဇာတ်လမ်းအကျဥ်း - ဝမ်ယုရန်သည် လှပသောအပြုံးကို ပိုင်ဆိုင်ထားသည်။သူမမှာ ရှားရှားပါးပါး တူလေးတစ်ယောက်ရှိသည်။ဝမ်ယုရန်သည် ဖခင်သဘောတူထားသည့် ရှောင်းအိမ်တော်က လူတစ်ယောက်ရှိသည်။ထိုလူကလည်း ဝမ်ယုရန်ကို ချစ်မြတ်နိုးဟန်ရှိသည်။ဝမ်ယုရန်နှင့်လည်း အဆင်ပြေပြေပါပဲ။သို့သော် ထိုရှောင်းသခင်လေးက ဝမ်ယုရန်၏တူလေးကိုတော့ အမြင်မကြည်လှ။ဝမ်ယုရန်၏တူလေးက ရှောင်းသခင်လေးနှင့်အသက်သိပ်မကွာ။ဒါကြောင့်မို့လည်း ရှောင်းသခင်းလေးအပေါ် ရိုင်းစိုင်းစွာ ပြုမူရဲတာပေါ့။အစမှာ လူငယ်ချင်းအဆင်မပြေရုံဆိုပေမဲ့ နောက်ပိုင်းမှာ ထိုကောင်လေးက ဝမ်ယုရန်၏တူအရင်းမဟုတ်ခဲ့ဘူး။နောက်ပိုင်းမှာ ဂြိုလ်ဆိုးကောင်က ဇာတ်လမ်းကို ရီမုနဲ့ကျော်၊ကွန်ဖူးသိုင်းကွက်ပြလိုက်သလို ရှောင်းသခင်လေးက ဗီလိန်ဖြစ်သွားပြီး တူလေးနဲ့အဒေါ်ချစ်ခရီးလေးကတော့ ပြီးဆုံးသွားပါတယ်။'
YOU ARE READING
ဂြိုလ်ဆိုးကောင်ကို ဖိတ်ခေါ်ခဲ့တယ်