Unicode.
အခု ရှောင်းကျန့်နှင့်ဝမ်ယုရန်တို့က ကော်ဖီဆိုင်မှာ ထိုင်နေကြသည်။ဝမ်ယုရန်၏မျက်နှာလေးတွင် အသက်သုံးဆယ်ကျော်နေသည့် မိန်းမတစ်ယောက်၏ အလှကို ထင်ဟပ်နေသည်။ရှောင်းကျန့်က ဂြိုလ်ဆိုးကောင် သူ့ကို အပိုတွေ ပြောနေတာ မဟုတ်ဘူးဆိုတာ သိလိုက်သည်။
ထို့အပြင် ရှောင်းကျန့်က ဇာတ်လိုက်ဖြစ်အောင် လုပ်ရမှာဆိုတော့ ဇာတ်လိုက်မကို မယူရင် ဘယ်သူ့ကို သွားယူရမှာလဲ ဟဟ! ။
"တူလေးက ရှောင်းကျန့်အပေါ် ပြုမူခဲ့တာတွေအတွက် ယုရန်ကပဲ တောင်းပန်ပါတယ်။သိတဲ့အတိုင်း တူလေးက မိဘတွေလည်း မရှိတော့ဘူးဆိုတော့ နည်းနည်းဆိုးချင်တာပါ။ရှောင်းကျန့်ကဘဲ နားလည်ပေးပါအုံးနော်။"
"ရပါတယ်။ကျွန်တော်ကလည်း သူ့ကို တူလေးတစ်ယောက်လို သဘောထားပါတယ်။ဒါပေမဲ့ ယုရန်တူလေးက ကျွန်တော့်အပေါ် မမြင်မကြည်ဘူးထင်ပါတယ်။အဒေါ်ကို လုသွားမှာစိုးလို့ထင်တယ်။"
ရှောင်းကျန့်က ဝန်ထမ်းကောင်လေးလာချပေးသည့် ကော်ဖီကို တစ်ငုံသောက်ပြီး ဆိုလိုက်သည်။
"အစမို့ပါ။နောက်ဆို ရှောင်းကျန့်မှရှောင်းကျန့် ဖြစ်သွားလိမ့်မယ်။"
"ဗျာ!! ။"
"အာ~ ယုရန်ပြောချင်တာက ရှောင်းကျန့်နဲ့တူလေးက အသက်သိပ်မကွာတော့ လူငယ်ချင်းခင်ခင်မင်မင်ရှိသွားမှာပါလို့ ပြောချင်တာပါ။"
"ဟုတ်ကဲ့ ။"
"ကော်ဖီသောက်ပါအုံး။"
××××××××××
"ဝမ်ရိပေါ်! ဝမ်ရိပေါ်!! ။"
"မင်းပထွေးမို့လို့ အော်ခေါ်နေတာလား။"
အခန်းထဲ ဝရုန်းသုန်းကားပြေးဝင်လာသည့် ချားစ်ကို ဝမ်ရိပေါ်က ခုံပေါ် မှောက်အိပ်နေရာနေ ပြောလိုက်သည်။
"ဟေ့ကောင်! အိပ်မနေနဲ့။မင်းလင်က ဟိုမှာ အန်တီယုရန်နဲ့ချိန်းတွေ့နေပြီ။"
"ဘာပြောတယ်!! ။"
ဝမ်ရိပေါ်က ခုံပေါ်မှာ မှောက်အိပ်နေရာကနေ ဆတ်ခနဲ ခေါင်းထောင်ကြည့်လိုက်သည်။
YOU ARE READING
ဂြိုလ်ဆိုးကောင်ကို ဖိတ်ခေါ်ခဲ့တယ်