Unicode.
"လက်မခံနိုင်ဘူး ပါပါး။"
ရှောင်းသခင်လေးအသံသည် တိုတိုတုတ်တုတ်ဖြင့် ငြင်းဆန်လာသည်။ရှောင်းသခင်လေး၏ပါပါးဖြစ်သူကတော့ ထိုအငြင်းစကားကို လက်မခံနိုင်စွာ ခေါင်းသာတွင်တွင်ခါနေလေသည်။
"မင်းလက်မခံနိုင်ရင် ဘာလို့တစ်ဖက်သားကို သွားစလဲ။"
"သားဘာလုပ်လို့လဲ။ကိုယ့်ဇယားနဲ့ရှုပ်နေတာကို။"
"မင်း! ၊မင်းဘက်က အားယားပြီး မျက်စိသွားမမှိတ်ပြရင် ဒီကောင်က ငါ့အိမ်ပေါ် ပစ္စည်းပြပြီး တက်လာပါ့မလား။"
ရှောင်းသခင်ကြီးက နားထင်ကို လက်မဖြင့် အသာဖိလျက် ဆို၏။
"ပါပါးနားလည်မှုလွဲနေတာပါ။သားဘာသာ အမှုန်ဝင်လို့မျက်စိမှိတ်ဖြစ်သွားတာကို ပါပါးမိတ်ဆွေက ချောချောလှလှမမြင်ဖူးတဲ့အတိုင်း အိမ်ပေါ်တက်၊ ပစ္စည်းထုတ် လာကြွားတာတော့ မတတ်နိုင်ဘူး။"
"ငါဒါတွေ နားမလည်ဘူး။မင်းဖင်ယားထားတဲ့ကိစ္စ မင်းဘာသာရှင်း။လာမဲ့အပတ်ထဲမှာ မင်း မစ္စတာရဲ့အလုပ်ထဲ ဝင်လုပ်ရမယ်။"
"ဟာဗျာ!"
ရှောင်းသခင်ကြီးက ထမင်းစားခန်းထဲမှ ထွက်သွားသော်လည်း ရှောင်းသခင်လေးကတော့ ခေါင်းကိုသာ တဗျင်းဗျင်းကုပ်လျက် ကျန်ရစ်နေခဲ့သည်။
ထို့နောက် အော်၍ပြောလိုက်သည်က
"ဂြိုလ်ဆိုးကောင်!! ငါ့ဆီကိုလာပြီး ဒီအခြေအနေကြီးကနေ ကယ်တင်ပါဟ!! "
< လွန်ခဲ့သော တစ်ရက်ခန့် >
ရှောင်းကျန့်တို့သူငယ်ချင်းသုံးယောက်က လမ်းဘေးရှိ အုတ်ခုံရှည်လေးပေါ်မှာ စီးကရက်ထိုင်သောက်နေခဲ့ကြသည်။ဒီတစ်ရက်တော့ ရန်မဖြစ်ပဲ အေးဆေးနေမယ်ဟု သူတို့ဆုံးဖြတ်ထားသောကြောင့် ဖြစ်သည်။သို့သော်...
"ဟေ့ အလှလေး ဒီမှာထိုင်မနေဘဲ ကိုယ်တို့နဲ့လိုက်ခဲ့ပါလား။"
လမ်းဘေးခွေးသုံးကောင်က သူတို့ကို ဦးတည်၍ပြောနေသည်ဆိုတာ သိသော်လည်း အရေးမစိုက်မိ။
YOU ARE READING
ဂြိုလ်ဆိုးကောင်ကို ဖိတ်ခေါ်ခဲ့တယ်