[Unicode]
"ဒယ်ဒီ! သင်ပေးပါဆိုဗျာ""နောက်နှစ်မှသင် ဒီတနှစ်အိမ်ကလိုက်ပို့ပေးလိမ့်မယ်"
ထယ်ယောင်းတယောက် ကားမောင်းသင်ပေးရန် သူ့ဒယ်ဒီအားပူဆာနေခြင်းဖြစ်သည်။
"ဒယ်ဒီကလည်း ယူနီတောင်တတ်နေပြီ အ်ိမ်က လိုက်ပို့နေတုန်းဆို ရှက်စရာကြီး!"
"ဘာရှက်စရာရှိလဲ...မင်းအစ်ကိုတောင် ပြီးခဲ့တဲ့နှစ်က အိမ်ကလိုက်ပို့ပေးတာပဲ မင်းလို ဘာတခွန်းမှထွက်မလာဘူး"
"သူကဘယ်ထွက်မလဲ ကားမောင်းသင်ပေးထားတာတောင် လိုင်စင်မှရအောင်မယူနိုင်တာ"
"ဟေ့ကောင်!ငါသာလိုင်စင်ရရင် ခုအိမ်ကကားက ငါ့အပိုင်ပဲ မင်းမောင်းစရာတောင်ရှိမှာမဟုတ်ဘူး"
"ဘယ်တုန်းက အိမ်ကကားကို ဟျောင်းအပိုင်လို့ပြောလို့လဲ"
သူ့စကားကို နမ်ဂျွန်ဟျောင်းမှ ပတ်ခနဲရန်ပြန်တွေ့လျှင် ထယ်ယောင်းမှနှာခေါင်းရှုံ့ကာ ပွစိပွစိဖြင့် မျက်စောင်းထိုးလေသည်။သူတို့ညီအကိုတွက် ဒယ်ဒီဝယ်ပေးထားသော tucker torpedoကားမှာ မောင်းသူမရှိ အထီးကျန်နေရသဖြင့် သူ့မှာ စေတနာဖြင့် ကားမောင်းသင်ပေးရန် ပြောနေရခြင်းဖြစ်သည်။
ထိုသို့ စူပုတ်ကာဂျစ်တိုက်နေသော ထယ်ယောင်းကို ဂျီမင်သည် မျက်နှာချင်းဆိုင်တွင်ထိုင်၍ကြည့်ကာ လေထွက်ရုံ ခပ်တိုးတိုးရီနေမိသည်။
"သားဂျီမင်...သားကားမောင်းတတ်တယ်မလား?"
"ဟုတ် မောင်းတတ်ပါတယ်အန်ကယ်"
ဂျီမင်ကားမောင်းတတ်သည်ဆို၍ မျက်နှာချင်းဆိုင်မှထယ်ယောင်းသည် ဂျီမင်မျက်နှာအား အံ့သြတကြီးလှမ်းကြည့်ကာ မေးလေသည်။
"မင်း ကားမောင်းတတ်တယ်လား ဂျီမင်!"
"အင်း မောင်းတတ်တယ်"
အကောင်သေးသေးလေးက သူ့ထက်အရင်ကားမောင်းတတ်သည့်အပြင် လိုင်စင်ပါရှိလောက်သည်။သူ့မှာတော့ လိုင်စင်မပြောနှင့် ကားမောင်းတတ်ရန်ပင်မနည်းပြောနေရသည်။
YOU ARE READING
STOLE MY HEART
Fanfictionအချစ်ကြမ်းမကျေကြသေးသော သူများကြား တဖြည်းဖြည်းရစ်တွယ်လာမဲ့ သံယောဇဉ်တွေဟာ ဘယ်လောက်ထိခိုင်မြဲမယ်လို့ ထင်ကြပါသလဲ...