[Unicode]
"ခွပ်!"
ကျယ်လောင်သောထိုးနှက်သံနှင့်အတူ ထယ်ယောင်းကြမ်းပြင်ပေါ်သို့လဲကျသွားသည်။
"မင်းဒီလောက်လေးတောင် အဖြစ်ရှိအောင်မလုပ်တတ်ဘူးလား...မင်း!"
"တော်ပြီလို့...ဂျင်ဟျောင်း"
ဒေါသတကြီးဖြင့် လဲကျနေသော ထယ်ယောင်းအားထပ်ဆွဲထိုးရန်ပြင်နေသော ဂျင်ဟျောင်းကိုယွန်ဂီမှ ဆွဲထားရင်းတားမြစ်နေရသည်။
"ကျနော် တောင်းပန်ပါတယ်"
အားလျော့သောမျက်ဝန်းတွေနှင့်ထယ်ယောင်း ပြန်ငေးကြည့်ရင်းမှ နူတ်ခမ်းထောင့်မှသွေးစတချို့ စိမ်ထွက်လာသဖြင့် လက်ခုံဖြင့်အသာပွတ်ဆွဲကာသုတ်လိုက်သည်။
"ငါ့မျက်လုံးနဲ့သေသေချာချာမြင်လိုက်ရတာ မင်ယွန်ဂီ...မီးရောင်ကလေ...မီးရောင်က"
"မီးရောင်...မီးရောင်က ဘာလဲ"
ဒေါသထွက်ရလွန်း၍ မောဟိုက်လာပုံရသော တဝက်တပျက်ဂျင်ဟျောင်းစကားကို ယွန်ဂီနားမလည်၍ပြန်မေးရသည်။
ထယ်ယောင်းခြံထဲသို့ဝင်သွား၍ ဂျီမင်ကိုခေါ်ထုတ်လာလျှင် တခါတည်းကားနှင့်စောင့်ခေါ်သွားရန် ခြံအပြင်တနေရာတွင် သူအဆင်သင့်စောင့်နေခဲ့သည်။ထိုစဉ် ရုတ်ရုတ်သဲသဲပြေးထွက်လာသော လူအုပ်ကြီးနှင့် ဂျင်းဟျောင်းကိုတွေ့ရင်း သူပါဆေးရုံသို့ယောင်ယမ်းကာ ပါလာရသည်။သူရောက်ပြီး သိပ်မကြာခင်မှ ထယ်ယောင်းနှင့်ဂျီမင်ရောက်လာခဲ့သည်။ထို့ကြောင့် အကြောင်းအရာကို သေချာမသိသေးပေ။
"ဘာကမှာလဲ...ပွဲထဲမှာလေ နှစ်ကောင်သားခိုးတွေ့နေတာ အာ့ဒါကို သူတို့အပေါ်တည့်တည့်မီးထိုးမိပြီး ခုအကုန်သိကုန်ပြီ...သိကုန်တာအရေးမကြီးဘူး ခုအန်ကယ်ပတ်လဲ ဆေးရုံရောက်ရတယ်...အဲ့ဒီ့မီးရောင်က ဘယ်သူ့ကြောင့်လဲ မင်းသိလား"
"ဟင့်အင်း"
"သူ့ ဒယ်ဒီကြောင့်လေ..."
ဂျင်ဟျောင်းစကားအဆုံး ခေါင်းငုံ့ထားမိသော ထယ်ယောင်းခေါင်းမှာဆတ်ခနဲထောင်လာကာ မယုံကြည်နိုင်သောမျက်ဝန်းများဖြင့် ဂျင်ဟျောင်းကိုကြည့်လိုက်မိသည်။
YOU ARE READING
STOLE MY HEART
Fanfictionအချစ်ကြမ်းမကျေကြသေးသော သူများကြား တဖြည်းဖြည်းရစ်တွယ်လာမဲ့ သံယောဇဉ်တွေဟာ ဘယ်လောက်ထိခိုင်မြဲမယ်လို့ ထင်ကြပါသလဲ...