🍁19🍁

532 55 4
                                    

[Unicode]


ညစာစားပြီး ဗိုက်လေးနေ၍ လမ်းတပတ်လျောက်ကာ အိပ်ခန်းထဲဝင်၍ စာဖတ်နေလိုက်သည်။ထို့နောက် ကျောညောင်းလာ၍ ကုတင်ထက်လှဲကာ စာအုပ်ဖတ်နေရင်းမှ ဘယ်ချိန်အိပ်ပျော်သွားသည်မသိ နားထဲချိုးချိုးချွတ်ချွတ် အသံကြားမှ ဆတ်ခနဲလန့်နိုးလာရသည်။ မကြာခင် ဒုန်းခနဲမြည်သံပါ ထပ်ကြားလာရ၍ လူကမျက်လုံးများကျယ်ကာ ကုတင်ပေါ်ကဆင်းမိလျက်သားရှိသည်။

ထို့နောက် အခန်းထဲမှထွက်လာ၍ အသံများကိုတချက်နားစွင့်လိုက်သည်။အပေါ်ထပ်မှ လာသည်မှန်းသိတော့မှ လှေကားကနေ တဖြည်းဖြည်းတတ်လာခဲ့သည်။သူတတ်လာရင်းနဲ့မှ စကားတီးတိုးပြောသံများတိတ်သွားကာ တစ်ဉီးကိုယ်တစ်ဉီး ပြင်းပြင်းရှရှ နမ်းရှိုက်သံများ ကြားလာရသည်။သူ့မျက်ခုံးများ အံ့သြခြင်းကြောင့် ပင့်သက်သွားရသည်။

သူ့သားတွေက အပြင်ကကိစ္စအပြင်မှာသာ ထားခဲ့ပြီး အိမ်ထိခေါ်လာရိုးမရှိ။ခုတော့ အိမ်ထဲထိပါ,ပါလာသဖြင့် အတော်တန်ဖိုးထားပုံရသည်။

"အဟက်!"

သူတချက်ရယ်ကာ အသံလာရာက သားကြီးလား သားငယ်လားသိရအောင် အရိပ်အခြည်ကြည့်ပြီး တတ်လာခဲ့သည်။လှေကားထိပ်အရောက် အခန်းထဲတိုးတိုက်ဝင်သွားသော သားငယ်ကျောပြင်ကို လှမ်းတွေ့လိုက်သည့်အပြင် သားငယ်ပွေ့ချီထားသော သားငယ်ရည်စား၏ ခြေတံလက်တံသွယ်သွယ်ကိုပါ ဖျတ်ခနဲတွေ့လိုက်ရသဖြင့် သူလျစ်ခနဲပြုံးမိသွားသည်။

*ညီက အကိုထက်လက်စောင်းထက်နေတာ*

အတွေးဖြင့် သူခေါင်းတချက်ခါကာ နေရာမှလှည့်အထွက် လှေကားထိပ်ဘေးမှ စားပွဲကိုဝင်တိုက်မိ၍ အနားသတ်တွင်တင်ထားသော ဖန်ခွက်မှာ ခွမ်းခနဲမြည်အောင် ကျကွဲသွားလေသည်။ထိုကြောင့် သားငယ်တို့အသံကြားပြီး ပြန်ထွက်လာမည်စိုး၍ လှေကားမှ အမြန်ပြန်ဆင်းခဲ့လိုက်ရသည်။ဖန်ကွဲတွေကိုတော့ မနက်ကျမှမာစီတို့ကို ကောက်ခိုင်းရန် စဉ်းစားမိသည်။

🍁🍁🍁🍁🍁🍁🍁

"ပြွတ်!"

"အင့်!"

STOLE MY HEART Where stories live. Discover now