Unicode
ကွေ့ကျောက်ဟွား...
သူ့ဘဝက ခက်ခဲခဲ့တယ်။ သူ့ကိုယ်သူ အပြစ်တင်သင့်လား။
သူက Gerတစ်ယောက်ဖြစ်နေပေမယ့် ရုပ်ရည်က ချောမောလှပလို့ ဖခင်က နန်းတွင်းထဲ စေလွှတ်နိုင်ဖို့ ကောင်းမွန်စွာ ဆက်ဆံခဲ့တယ်။
နန်းတွင်းထဲမှာ ကိိုယ်လုပ်တော်ဖြစ်လာတော့
ဘုရင့်ရဲ့ အလေးပေးမှုတွေအတွက် တိုက်ခိုက်မယ့်အစား အေးအေးဆေးဆေးလေး ဘဝကို ဖြတ်သန်းချင်ခဲ့တဲ့ သူပဲ မှားခဲ့လား။
နန်းဆောင်ကျဥ်းလေးထဲက မထွက်ဘဲ ကုချင်းတီးလိုက်၊ ပန်းချီဆွဲလိုက် အချိန်ကုန်ပြီး အပြင်ကို တစ်လှမ်းမှ မထွက်တဲ့သူ့ကို ဘယ်မိဖုရား၊ ဘယ်ကိုယ်လုပ်တော်က ရန်သူလို သတ်မှတ်ပြီး ဒုက္ခပေးပါ့မလဲ။
အရှင်မင်းမြတ်က တစ်နှစ်ကို ၃ ကြိမ်လောက်တော့ သူ့နန်းဆောင်ကို လာတတ်တယ်။ ဒါပေမယ့် သူကအတင့်ရဲပြီး နောက်နေ့တွေပါ လာဖို့ မမြူဆွယ်ရဲပါ။
ကျဲယွီတွေ ဖင်အဆင့်ကိုယ်လုပ်တော်တွေ တိုက်ခိုက်ဒုက္ခပေးကြရင်း သေဆုံးကြပြီး မင်းကြီးရဲ့ အလေးပေးမှုတွေ ဆုံးရှုံးသွားတာတွေ သူအမြဲကြားနေခဲ့တယ်။ သူကတော့ အားလုံးကိုပိုင်ဆိုင်ပြီးမှ ဆုံးရှုံးခံမယ့်အစား မပိုင်ဆိုင်ဖို့ဘဲ ကြိုးစားလိုက်မယ်။
သူနဲ့အတူတစ်ကြိမ်တည်း နန်းတွင်းထဲဝင်တဲ့ သူ့ထပ်အဆင့်နိမ့်တဲ့ ကိုယ်လုပ်တော်တစ်ယောက်က ဖင်အဆင့်ဖြစ်နေပြီလို့ သူကြားတယ်။
သူ့ကို နောက်ကွယ်က လှောင်နေတာလည်း သူသိတယ်။ ဒါပေမယ့် အနည်းဆုံးတော့ ချောက်ချခံရမှာကြောက်ပြီး မအိပ်နိုင်တဲ့သူတို့တွေနဲ့ မတူစွာ စိတ်အေးချမ်းသာစွာ သူနေနိုင်တယ်။
ဒါပေမယ့် ကံတရားက ကျီစယ်တတ်တယ်။
အချစ်ခံအလေးပေးခံရတဲ့ ကိုယ်လုပ်တော်တွေ၊ မိဖုရားတွေအစား မင်းကြီးရဲ့ ပထမဆုံးရင်သွေးကို လွယ်ရတဲ့သူက သူဖြစ်လာခဲ့တယ်။
အနောက်ဆောင်တစ်ခုလုံးရဲ့ ဘုံရန်သူဖြစ်လာခဲ့တဲ့သူက အသက်မရှင်တော့မှန်း သူသိနေခဲ့တယ်။
YOU ARE READING
ThE Hided Love In Imperial Harem [ Edited Version]
Historical FictionEdited Version Genre - Rebirth, Boylove, Historical, Drama