Unicode
ညအချိန် ယွဲ့လျန်နန်းဆောင်၌ ကုန်းကုန်းတစ်ယောက်သည် ဘုရင်မင်းမြတ်သည်အနည်းငယ် နောက်ကျမည် ဖြစ်ကြောင်း လာရောက်အကြောင်းကြားသည်။
ထိုစကားသည် 'ညစာစားထားနှင့်တော့' ဟူသည်နှင့် အဓိပ္ပါယ်တူညီသဖြင့် ကွေ့ကျောက်ဟွား ကိုယ့်ဟာကို စားနှင့်လိုက်သည်။ ဘုရင်မင်းမြတ်၏
အလေးပေးခံရကတည်းက သူစားရသည့် ဟင်းများသည် အသားဟင်းများသာတည်း။စားသောက်ပြီး ဘုရင်မင်းမြတ်ကြွချီလာမည့်အချိန်ကို စောင့်နေလိုက်သည်။
" သခင်လေး "
" အင်း ဘာဖြစ်လို့လဲ "
ဟုန်စဲ့သည် အနားကပ်၍ တီးတိုးပြောသည့် စကားကြောင့် ကွေ့ကျောက်ဟွား မျက်လုံးများ ပင့်တက်သွားသည်။
" ငါ့ကိုအဝတ်အစားပြင်ပေး အရမ်းထင်းမနေစေနဲ့"
ကွေ့ကျောက်ဟွား ပန်းပွင့်၊ ပန်းခက်မှိန်မှိန်များ ပုံဖော်ထားသည့် ဝတ်စုံကိုဝတ်လိုက်ပြီး အရှင်မင်းကြီးချီးမြှင့်ထားသည် ပုလဲတစ်လုံးထဲပါသည့် ဆံထိုးကိုထိုး၍ ထွက်လာခဲ့သည်။
အလှဆင်ထားသည့် ဥယျာဥ်တစ်ခုနားတွင်
ကိုယ်လုပ်တော်အုပ်စုသည် စုရုံးနေသည်။ကွေ့ကျောက်ဟွား သိချင်သွားသည်။
ဘယ်သူက ဘယ်သူကို ဆင်တဲ့ ထောင်ချောက်များလဲ။ ကွေ့ကျောက်ဟွား အနားရောက်သွားချိန် အခြားအဆင့် (၇)၊ အဆင့် (၈)ကိုယ်လုပ်တော်ငယ်လေးများ၊
ကွေ့ရန်နှင့် မိန်ရန်အဆင့်မှ ကိုယ်လုပ်တော်များ
သည် တရိုတသေ အရိုအသေပေးကြသည်။အဆင့်တူ ကျဲယွီများပင် ပြုံးရယ်ပြီး နှုတ်ဆက်ကြသည်။ ဒါပေါ့ သူတို့ရဲ့ စိတ်ထဲမှာ ကွေ့ကျောက်ဟွားအား အပိုင်းပိုင်းပင် ခုတ်ထစ်ချင်နေလောက်သည်။
အရှေ့တွင် စုန့်တဲ့ဖေး နှင့် ယဲ့ရှူဖေး သည်ပင်
ရောက်နေလေသည်။ ထိုအချိန်တွင် မင်းကြီးရောက်လာကြောင်း ကြားရာ ကွေ့ကျောက်ဟွားအပါအားလုံးသည် ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။" အရှင်မင်းကြီးကို ဂါရဝပြုပါတယ် "
အရှင်မင်းကြီးကမူ ဝတ်ရုံလက်ကိုခါရမ်းပြီး
ကျောက်သားစားပွဲနားရှိ ခုံပေါ်ထိုင်လိုက်ပြီး
စိတ်အနှောင့်အယှက်ဖြစ်ဟန်ဖြင့်
YOU ARE READING
ThE Hided Love In Imperial Harem [ Edited Version]
Historical FictionEdited Version Genre - Rebirth, Boylove, Historical, Drama