အပိုင်း၂ [Edited Vetsion]

7 1 0
                                    

[ 25 ရက်နေ့ကျ ရင် အပိုင်း ၂၁ အထိပြန်တင်ပေးပါမယ်နော် ၊ ပျက်သွားတာတွေပြန်ရေးနေတာနဲ့ကြာသွားလို့ပါ ရှင့်]


Unicode

အနောက်နန်းဆောင်သည် လေပြည်အေးများ တိုက်ခတ်နေပေမယ့် နန်းဆောင်တော်တော်များများသည် ပူလောင်နေကြသည်။

သာမန် ကွေ့ရန်တစ်ယောက်က တစ်ညတည်းနဲ့ ကျဲယွီဖြစ်သွားပြီး ယွဲ့လျန်နန်းဆောင်ကိုလည်း ရလိုက်သေးသည်။ ယွဲ့လျန် နန်းဆောင်သည် ဧကရီနန်းဆောင်လည်းမဟုတ်သလို ဖေးအဆင့်ကြင်ယာတော်အဆင့်အဆောင်လည်း မဟုတ်ပါ။ သို့သော် မယ်တော်ကြီး ဧကရီမဖြစ်ခင် ဟိုးကိုယ်လုပ်တော်အငယ်လေးဘဝက နေခဲ့သည့်အဆောင် ဖြစ်သည်။

တော်တော်များများသည် မနာလိုမှုကြောင့် တုန်ယင်နေပေမယ့် ဘာမှမလုပ်နိုင်သေးပေ။

ကွေ့ကျောက်ဟွား အရှင်မင်းကြီးနဲ့ ညစာစားခွင့်ရပြီး ထပ်မံ အိပ်ဆောင်ဝင်ခဲ့သည်။ ထျန်းခုန်ယွင်သည် ဤကျောက်ကျဲယွီ ကို ပို၍ပိုပြီး သဘောကျလာသည်။

၄ ညဆက်တိုက် ယွဲ့လျန်အဆောင်ကိုသွားပြီးနောက်နေ့တွင် ဘုရင်မင်းမြတ်သည် ယွီစန်းအဆောင်သို့ သွားလေသည်။

ကွေ့ကျောက်ဟွားသည် ထိုကိစ္စကိုထူးဆန်းသည် မထင်ပါ။ ဘုရင်တစ်ယောက်က သူတစ်ယောက်ထဲကို ချစ်ခင်ဖို့အထိ စိတ်ကူးယဥ်ရလောက်အောင် သူ မရူးပေ။ အဲ့အစား ဘုရင်မင်းမြတ်ရဲ့စိတ်ဝင်စားမှုကိုထိန်းဖို့ နည်းလမ်းတွေပဲ သူထိုင်စဥ်းစားနေလိုက်သည်။

" မနက်ဖြန် မယ်တော်ကြီး ကို ဂရဝပြုရမယ့်နေ့
မလား"

" ဟုတ်ပါတယ် သခင်လေး "

" အင်း စိတ်ဝင်စားစရာပဲ "

မိဖုရားတွေ၊ ကိုယ်လုပ်တော်တွေစုံရင် စိတ်ဝင်စားစရာတွေ အမြဲဖြစ်လေ့ရှိသည်မလား။

မယ်တော်ကြီး ဂါရဝပြုမည့်အချိန်သို့ရောက်လျှင်
ကွေ့ကျောက်ဟွား အစိမ်းနုပန်းခက်လေးတွေ
ပုံဖော်ထားသည့် အဖြူရောင်ဝတ်စုံကို ဝတ်လိုက်သည်။ အရမ်းလည်း မထင်ပေါ်သလို၊ အရမ်းလည်မရိုးရှင်းလှပေ။

ThE Hided Love In Imperial Harem [ Edited Version] Where stories live. Discover now