part2🖤

11.5K 119 8
                                    

အင်း...
နာကျင်နေတဲ့ခေါင်းကိုအသာဖိလိုက်ရင်း
မျက်လုံးဖွင့်လိုက်တော့ အဖြူရောင် မျက်နှာကြက်ကိုတွေ့ရသည်။ပိုးအိပ်ရာ‌ေပါ်ကထဖို့လုပ်တော့ တစ်ယောက်ယောက်က ခါးကိုဖက်ထားသလိုခံစားလိုက်ရတာကြောင့်
ဘေးဘက်ကိုလှည့်ကြည့်လိုက်တော့
အကျင်္ီမပါပဲ နှစ်ချိုက်စွာအိပ်ပျော်နေတဲ့ ယောကျာ်းတစ်ယောက်
"အား......."
ပိုးလန့်သွားကာ သူ့ကိုအားဖြင့်ကုတင်ပေါ်မှကန်ချလိုက်တော့..

"ဘုတ်..."(ကုတင်ပေါ်မှပြုတ်ကျသံ)

"အာ့.....ကျစ်..baby.ကိုယ်နာသွားပြီနော်.."

အိပ်နေရင်းနဲ့မှ အကန်ချခံရတာကြောင့်
အိပ်ချင်တဲ့စိတ်တောင်
ကြက်ပျောက်ငှက်ပျောက်ပျောက်သွားတဲ့အဖြစ်..

"ရှင်..ရှင်ဘယ်သူလဲ.."

ပြုတ်ကျတဲ့ဒဏ္ကြောင့် နာသွားသော တင်ပါးကိုဖိကာ သူမကို ကြည့်လိုက်တော့ သူမအတော်လေးထိတ်လန့်နေပုံရသည်.

ညတုန်းကမနက်ရောက်ရင်
ဒီလိုဖြစ်မယ်ဆိုတာ
သူကြိုသိထားပြီးသား
ဒါပေမယ့်ဒီလိုအကန်ခံရတဲ့ အဆင့်ထိ ဖြစ်လိမ့်မယ်လို့ တကယ်ကိုမထင်မိခဲ့..

"ဟူး.....ကိုယ်ရှင်းပြမယ်.."
.........(ရှင်းပြနေပြီ...)

"ရော့ နွားနို့ပူပူသောက်လိုက်.."

"ဟုတ်..."

သူချပေးတဲ့နို့ခွက်ကိုယူလိုက်ပေမယ့်
ပိုးမသောက်နိုင်ခဲ့
ညကအဖြစ်အပျက်တွေကိုလဲ သူပြောပြလို့အကုန်သိပြီးပါပြီ
ပြီးတော့ ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေအားလံုးကိုလဲပိုးထင်ထင်ရှားရှားကိုမှတ်မိ‌ေနပါပြီ

ရှက်လိုက်တာ..😖

နို့ခွက်ကိုမသောက်သေးပဲ ဆက်မွှေနေတဲ့
သူမက တစ်ခုခုကို အသေအချာစဥ်းစားနေပုံရတယ်
သေချာပါတယ် ညကအဖြစ်အပျက်ကိုစဥ်းစားနေတာ..

"ဒီမှာရှင့်...ကျွန်မတစ်ခုပြောချင်တယ်."

"အွန်း.ပြောလေ ကိုယ်နားထောင်နေတယ်"

ပြောရင်းဖြင့် ပိုးအနားကိုလင်းခန့်က တိုးကပ်သွားတော့ ပိုးအိမ်တစ်ယောက် လုံးဝမနေတတ်တော့

ကိုယ့်ရဲ့ဖြစ်တည်မှု💋Where stories live. Discover now