ဒေါ်စိန်ကြည်တစ်ယောက် မီးဖိုခန်းထဲမှ မနက်စာပြင်နေရင်း နာရီကိုကြည့်လိုက်တော့
၇နာရီကျော် နေပြီဖြစ်သည်။ဒေါ်စိန်ကြည် သမီးဖြစ်သူတစ်ယောက်
ဒီအချိန်ထိ မထသေးတာကြောင့် သက်ပြင်း
သဲသဲ တစ်ချက် ချရင်း ပိုးအိမ်ရှိရာ သူမလေး
အခန်းသို့ တက်လာခဲ့ သည်။"ဒီကောင်မလေးဟာလေ အသက်ဖြင့်
၂၂နှစ်ရှိနေပြီ အခု ထိ မနက်ဆိုနှိုးနေရတုန်း ""ဒေါက် ..ဒေါက်.."
"ဟဲ့ ..မိပိုး..မိပိုး. ညည်း အခုချိန်ထိမထသေးဘူးလား..."ပိုးအိမ် အမေ့အသံကြောင့် အိပ်ရာပေါ်က ထလာကာ..
"လာပြီ မေမေရဲ့ သမီးကနိုးနေပါပြီ.."
စုတ်ဖွာနေ သော ခေါင်းကိုကုပ်ကာ အခုထိ
ဟွားသန်နေသော သူမရဲ့ သမီးဖြစ်သူ
မိပိုးအိမ်
ပြောတော့ ထနေပါပြီဆိုပြီး အခုထိ မျက်လုံးတွေက မဖွင့်သေး
တစ်ဦး တည်သော သမီးလေးမို့
သူမရော ခင်ပွန်းဖြစ်သူ ဦး အောင်ကျော် ကပါအလို လိုက်ထားခဲ့တာ။
ဒါကြောင့်လဲဒီကောင်မလေးက
အတော်ကိုဆိုးနွဲ့နေတာပါလား။"ညည်းနော် ကျောင်းမသွားတာ ၅ရက်လောက်ရှိနေပြီ အရင်က ဆိုဒီလိုတစ်ခ ါ
မှ အဲ့လောက်ထိ ကျောင်းမနားဖူးဘူး
ဒီနောက်ပိုင်းမှ ဘာအချိုးတွေပြောင်းနေတာလဲ ဟမ် ပြောစမ်း မိပိုး.."ပိုး မေမေ့ အပြောကြောင့် ကိုယ့်မှာ မလုံတော့
ဟုတ်ပါတယ် အခုဆိုရင် ပိုး ကျောင်းမသွားတာ ၄ရက်လောက်ရှိနေပြီ
ဟိုနေ့ ညက သူနဲ့ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကြောင့် ပိုးမှာ ကျောင်းနားလိုက်ရတာ မနေ့ကထိပင် ..ပိုးအိမ် က သူမ မေမေအားကြည့်ကာ
"မေမေကလဲ သမီးက နေမကောင်းလို့
မသွားတာပါ .ပြီးတော့ ၄ရက်ပဲရှိသေးတာပ့
ကျောင်းပျက်တာက ဖြင့် ..""အော် ညည်းက ငါ့ကို စကား ပြန်ကပ်ပြော
နေတယ်ပေါ့လေ..""ပြန်ပြောတာမဟုတ်ပါဘူးမေမေရဲ့
ပိုးက ပြောပြတာပါနော်..""အော် ကယ် ဒီကောင်မလေးတော့
ငါရိုက်လိုက်ရ.."" အား..ကြောက်ပါပြီ..မာမားရဲ့..."
YOU ARE READING
ကိုယ့်ရဲ့ဖြစ်တည်မှု💋
Romance19+🖤လေးပါ အသက်မပြည့်သူတွေမဖတ်ပါနဲ့ "I love you baby.. တစ်ညတာတည်းဆိုပေမယ့် ကိုယ်မင်းကိုအရမ်းစွဲလမ်းသွားပြီ... မင်းကကိုယ့်အပိုင်ပဲဖြစ်ရမယ်ကောင်မလေး မင်းကလင်းခန့်ဆိုတဲ့ကိုယ့်ရဲ့အပိုင်ပဲ...