1.

27 4 7
                                    


တောင်ကုန်းထက်၌ ကြီးမားတဲ့တံတိုင်းကြီးဟာ စတုဂံသဖွယ်တည်ရှိနေ၏။ အထဲကနှစ်ချို့သစ်ပင်များဖြင့်ဖုံးကွယ်ထားတာကြောင့် အထဲကအဆောက်ဦးတို့ကိုတောင်ကောင်းမွန်စွာမမြင်ရပါချေ။

"မြန်မြန်သွားကြစို့ နေစောင်းတော့မယ်လူလေး။"

သျှင်ယိုင်နဲနေသောအတွေးများကိုသိမ်းဆည်းပြီးတော့သာ အဖိုးအိုနောက်ကနေလျှင်မြန်စွာလျှောက်မိသည်။နီးမလိုလိုနှင့်နာရီ၀က်ခန့်လျှောက်ပြီးတော့မှ ခရီးအဆုံးသို့ရောက်လာသည်။ဂိတ်၀၌ သူ့ကိုခဏစောင့်ခိုင်းကာ အဖိုးအိုသည် အစောင့်နှင့်စကားသွားပြောလေသည်။ မိနစ်အနည်းငယ်မျှအကြာတွင် အဆင်ပြေသွားတာကြောင့်သူ့စီပြန်လျှောက်လာပြီးလိုရင်းတိုရင်းတချို့ပြောလျက် အထဲသို့ခေါ်သွားလျက်

"ဒါကကုသရေးဌာန အစောင့်တွေ တာ၀န်ကျဆရာ၀န်တွေနဲ့အကူတချို့ဒီမှာနေကြတယ်၊
ဒီဘက်ကအခန်းကတော့မင်းဟာဘဲ"

"ကျေးဇူးပါအဖိုး အဖိုးကိုပင်ပန်းစေပြီ"

အဘိုးအိုက‌အေးတိအေးစက်နှင့်သာ ပြန်တုံ့ပြန့်၍စကားဆိုလာ၏

"မနက်ကြရင် ဒေါက်တာ‌လင်းရှိန်ရောက်လာလိမ့်မယ်  အဲ့အချိန်အထိ ဒီအ‌ဆောက်ဦးထဲကမထွက်သွားပါနဲ့  မနက်စာကိုကန်တင်းမှာသွားယူလိုရတယ်"

သျှင်ခေါင်းငြိမ့်လိုက်ပြီး ခရီးဆောင်အိတ်နှစ်လုံးဆွဲလျက်အထဲ၀င်၍တံခါးကိုပိတ်လိုက်သည်။အခန်းကအရမ်းကြီးမကျယ်သော်ငြားလည်း
သူ့တစ်ယောက်စာနေဖို့ရာတော့ အဆင်ပြေလေသည်။

ဗီဒိုထဲအ၀တ်စားများတချို့ကိုချိတ်လိုက်သလိုတချို့ကိုတော့ သေသပ်စွာခေါက်ထည့်လိုက်သည် အသုံးဆောင်နည်းနည်းကိုနေရာချပြီးတာနှင့် ရေချိုးခန်းထဲ၀င်ရေချိုးလိုက်ပြီးအိပ်ယာပေါ်ခေါင်းချလိုက်ရုံနဲ့တင် အိပ်မက်ကမ္ဘာထဲတိုးဝင်မိသွားသည်။

ရက်သတ္တပတ်ခန့်ကြာပြီးနောက်ပိုင်း The sky၌နေရတာပိုအသားကျလာသည်။စရောက်ခါစကလို စိမ်းသက်သက်ဖြစ်မနေတော့ပါချေ။

"ဘယ်လိုနေလဲ အဆင်ပြေရဲ့လား။"

"ဒါပေါ့မင်းရှိနေတာဘဲပြေပါတယ်"

တံတိုင်းမျက်ခြယ်Where stories live. Discover now