ဖြူဖက်ဖြူရော်မျက်နှာနှင့်သေးသေးသွယ်သွယ်ခန္ဓာကိုယ်၊ ထို့အပြင်အဖြူ‌ရောင်လူနာ၀တ်စုံကိုပါ၀တ်ဆင်ထားသည်။ လက်ထဲတွင်လည်း ထူထပ်သောစာအုပ်ကိုပါကိုင်ဆောင်ထားပြီး၊ဂျူပီတာဂြိုလ်လိုတောက်ပနေသော နက်မှောင်နေတဲ့မျက်၀န်းတစ်စုံက သူ့ကိုတွေတွေကြီးငေးကြည့်နေ၍ အပြစ်ရှိစိတ်ကြောင့်

" အနားယူနေတာကိုနှောက်ယှက်မိသွားတာ
ကျွန်တော့်အပြစ်ပါ ‌တောင်းပန်ပါတယ်။"

စူးစမ်းသလိုပါစိုက်ကြည့်လာသောထို့သူကြောင့်
နေရအခက်တွေ့လျက် ပြောစရာစကားများပြတ်တောက်လာရသည်။

"ကျွန်တော်...။"

သေစမ်း! စိတ်ကျမ်းမာရေးမကောင်းသောလူများနှင့် ဘယ်လိုဆက်သွယ်ရမည်ကိုသျှင်မသိပါ

သျှင်နောက်ထပ်စကားဆိုမလို့ပြင်နေစဉ်မှပင် ထို့လူဟာမည်သည်စကားမျှမပြောတော့ပဲ ထွက်သွားသည်။

ဘာမျှမလုပ်တော့ပဲထွက်သွားတာဟာ ကံကောင်းတယ်လိုဆိုရမလား တွေ့ဆုံတာကိုပင်ကံဆိုးသည့်လို့ အပြစ်တင်ရမလား မခွဲခြားတတ်တော့။ နောက်ဆုံး၌ အန္တရာယ်တွင်းထဲကနေလွတ်မြောက်လာတာကိုဘဲကျေးဇူးတင်လိုက်သည်။

အဆောင်ကိုအမြန်ပြန်ဖို့လိုတာကြောင့်
လှည့်ထွက်မလိုလုပ်ခါနီး ခုဏကတစ်ယောက်ရပ်နေသောနေရာ၌ရှိတဲ့ ပစ္စည်း‌တွေ
သည် မျက်လုံးထောင့်စွန်းထဲဖြတ်ခနဲဝင်လာ၏။

"ပြန်လာပြီလား။"

"အင်း။"

စိတ်အခြေနေမကောင်းတဲ့ပုံရိပ်‌ကိုမြင်ရတာနှင့်
အမျိုးသမီးကပြောဖို့လုပ်နေသော စကားများကိုလည်ချောင်းထဲမျိုချလိုက်ပြီး

" ဟိုလေ... အင်္ကျီညစ်ပတ်နေတာ၊ကျွန်မအသစ်ယူလာပေးရမလား။"

ရံခ အစွန်းကွက်များပေကျံနေသောအင်္ကျီကိုငုံ့ကြည့်၍စိတ်ရှုပ်လာ၏ " မုန့်ယူလာပေး။"

"ဟုတ်ကဲ့ ခဏစောင့်နော် အခုချက်ချင်းသွားယူပေးပါ့မယ်။"

"ခဏ။"

အမျိုးသမီးရဲ့ခြေလှမ်းတွေတိကနဲ ရပ်တန့်သွားပြီးသည်။

" မျှော်စင်အစောင့်ကိုပြောလိုက်၊
သောကြာနေ့ကိုငါအဲ့မှာနေချင်တဲ့အကြောင်း။"

တံတိုင်းမျက်ခြယ်Where stories live. Discover now